22

300 50 45
                                    

အခန်းတစ်ခုကမှောင်မဲနေပြီး အေးစက်လျက် ထိုအခန်းငယ်ခပ်ကျဉ်းကျဉ်းလေးထဲသူရောက်နေမှန်း သတိထားမိလိုက်သည်။ ရုတ်တရက်ဆိုသလို သူကြောက်နေပြီး တစ်ယောက်တည်းငြိမ်ကုတ်နေမိသည်။ နောက်တော့ အလင်းသေးသေးလေးတစ်စသူ့မျက်နှာပေါ်ကျရောက်တော့သူမော့ကြည့်လိုက်၏။
တဆက်တည်း အခန်းတံခါးငယ်လေးပွင့်သွားကာမြင်လိုက်ရတာက မေမေဖြစ်နေသည်။

''မေမေ!!!''

''ဂျုန်းငယ်...ဘာလို့မေမေ့အဝတ်ဗီဒိုတွေထဲဝင်ပုန်းနေရတာလဲ ။ ''

''တကယ်မေမေပဲ...''

သူဗီဒိုထဲကထွက်ပြီးရှိုင့်ကြီးတငင်ဖြင့်ငိုရင်း မေ့မေ့ကိုပြေးဖက်လိုက်မိသည်။ မေမေကတော့သူ့ကျောပြင်တွေပွတ်သပ်ရင်းပြုံးနေပြန်၏။

''ဘာတွေများကြောက်လို့ မေမေ့ဗီဒိုထဲဝင်ပုန်းနေရတာလဲ ဂျုန်း''

''ကြောက်လာပြီမေမေရာ။ ဂျုန်း...ကိုကို့အနားကိုမသွားရဲတော့ဘူး ''

သူမေမေ့ရင်ခွင်ထဲကနေမော့ကာပြောတော့ မေမေကသူ့နှဖူးလေးကိုခပ်ဖွဖွနမ်းသည်။ နွေးထွေးလိုက်တာများ မေမေ့အနားမှာပဲနေလိုက်ချင်တော့တာပါ။

''ဆံပင်တွေလည်းရှည်နေပြီဂျုန်းငယ်...
အပေါက်တွေလည်းဖောက်ထားတာပါ့လား။ မျက်နှာတွေလည်းချောင်ကျနေတယ်. မေမေမရှိလိုက်တဲ့အတောအတွင်းဘာတွေလုပ်ထားတာလဲ ကလေးရယ်''

''ပျက်စီးကုန်ပြီမေမေ... ဂျုန်းကပျက်စီးနေပြီ...''

''မဟုတ်တာပဲကွယ် ဂျုန်းကိုယ်တိုင်ကဖျက်ဆီးပစ်နေတာရောမဖြစ်နိုင်ဘူးလား ''

''ဟင်...''

''ကိုယ့်ကိုယ်ကိုယ်ဘာလို့ဖျက်ဆီးနေရတာလဲ ကလေးရယ်။ ဂျုန်းကအဲ့လိုမဟုတ်ဘူးလေ... ဂျုန်းငယ်ကဖြူစင်လိုက်တာများ ''

''မဖြစ်နိုင်တော့ဘူး..!!
ဂျုန်းကမကောင်းတဲ့ယောက်ျားဖြစ်နေပြီ တန်ဖိုးမရှိတဲ့အပျက်တစ်ယောက်ဖြစ်နေပြီ... ဂျုန်းမဖြူစင်တော့ဘူးမေမေ။ ကိုကိုနဲ့လည်းမထိုက်တန်တော့ဘူး။ မေမေပြောတာမှန်တယ် အဲ့ဒီ့အချိန်ထဲကလက်လွှတ်လိုက်ရင် ကိုကိုကလည်းအခုလိုတွေဖြစ်မှာမဟုတ်ဘူး...အခုတော့...''

_JK_ [yoonkook/jihope]Where stories live. Discover now