4

453 47 14
                                    


ယွန်းဂီသည်သိပ်မကြာသေးသည့်အချိန်လေးမှာပင် ဘူဆန်တွင် နေသားတကျရှိလာပြီဖြစ်ပြီး ဘူဆန်စကားသည် လုံးလုံးလျားလျားကွဲပြားသည်မို့ လေယူလေသိမ်းကအစ နားယဉ်လာတဲ့အပြင် အထူးသဖြင့် ဒယ်ဂုမှာထက် ဘူဆန်မှာက တူရိယာပစ္စည်းဆိုင်ကြီးတွေအစုံရှိသည်ကြောင့် သူ အတော်အတန်တော့သဘောကျစပြုလာ၏။

ထပ်ပြီးဆိုရလျှင် ဘူဆန်မှာသူငယ်ချင်းရယ်လို့
ဒါပါဆိုပြီးချပြစရာမရှိပေမယ့် သူ့ထက်သုံးနှစ်ငယ်တဲ့ အလယ်တန်းကျောင်းသားလေးနှင့်တော့ သူတွဲသွားတွဲလာလုပ်တက်သည်။

ဒီနေ့ကယွန်းဂီအတွက် ထူးခြားသောနေ့ပင်။
လတစ်လရဲ့ ပထမဆုံးသောအင်္ဂါနေ့။ လတိုင်းထိုနေ့တွေမှာဆို သူဂစ်တာတစ်လက်ဖြင့် ဆေးရုံတစ်ရုံရုံသို့သွားကာ ဖျော်ဖြေတက်သည့်အလေ့အကျင့်လေးရှိ၏။
အသံအနေအထားအလေ့အကျင့်အနေနှင့်ရော နာမကျန်းဖြစ်နေသူတစ်ချို့အနည်းငယ်လောက်တော့စိတ်ပြေအောင်ထိုသို့ပြုလုပ်ခြင်းကိုသူနှစ်သက်တက်သည်။

အထက်တန်းနောက်ဆုံးနှစ်ပေမယ့် အရေးကြီးသော်ညား ယွန်းဂီသည် ပညာတက်ကျောင်းသားတစ်ယောက်မို့ အခွင့်ထူးခံဖြစ်ပြီးထိုအချင်းအရာကိုစိတ်ပူစရာမလို ဒီ့အတွက်လည်းဘူဆန်သို့ကျောင်းပြောင်းခံရသည်အထိပင်မဟုတ်လား။

ဆေးရုံဝန်းရဲ့အပန်းဖြေကြသည့်နေရာလေးတွင်ဖြစ်သည်။
ခုံတန်းလေးတွေက ဟိုနေရာဒီနေရာဖြင့် အစီအရီချထားကာ လူနာတစ်ချို့ကထိုင်နေကြသလို ကလေးတစ်ချို့သည်လည်း ဆော့ကစားကာပြေးလွှားနေကြသေးသည်။
မြင်ကွင်းသည်အတော်ပင်ငြိမ်းအေးပါ၏။

.
.

''မေမေကလည်း ဆေးရုံမှာ တစ်ရက်လောက်တော့နေပါဦး ...အခုဆို ချောင်းဆိုးတာသွေးတွေပါ ပါနေပြီ ။ ''

လက်ကလေးဆွဲရင်းဟန့်တားနေသည့်ဂျုန်းက ကျောင်းဝတ်စုံဖြင့် ကျောင်းကနေအလောတကြီးရောက်ချလာပုံရမည် အမြဲတစေဖရိုဖရဲ ဆံပင်တွေသည်လည်းမျက်နှာပေါ်ပွရှုတ်လျက် ။ ဘယ်သောအခါမှသပ်သပ်ခတ်ခတ်မရှိတဲ့ဂျုန်းဟာဒီနေ့သည်လည်း ထုံးစံအတိုင်းကပိုကရိုဖြင့်။

_JK_ [yoonkook/jihope]Where stories live. Discover now