13

381 57 30
                                    

အရက်စက်ဆုံးသောစကားတွေနဲ့အပြုအမူတွေကို ဖန်တီးခဲ့လည်း မင်ယွန်းဂီဆိုတာဟာ ဂျုန်းအ​​ပေါ်
ရင်နာနာနဲ့လုပ်ခဲ့ရတယ်ဆိုတာကို
လူမသိသူမသိဖုံးဖိထားခဲ့ရတာပါ။
ဂျုန်းကိုမြင်ရင် ငိုချင်လာတယ်...
ဂျုန်းအကြောင်းတွေးမိရင် ရင်တွေနာတဲ့အထိ ...
ဂျုန်းဆိုတဲ့နာမ်စားလေးကို စဉ်းစားမိလိုက်ရင် ပူလောင်လာရတဲ့အထိ ခံစားချက်မျိုး သူငယ်ရွယ်စဥ်ကတည်းကရခဲ့တာပါ။

မချစ်ပါဘူးလို့ တစ်သက်မတ်တည်းတွေးခဲ့ပေမယ့်
သူဆိုတာဂျုန်းအပေါ်အလေးသာနေမှန်းမသိ သာနေခဲ့တာ။

သို့သော်လေးတွေက ကြားထဲမှာခံသွားတော့ သူ
အထိန်းအကွတ်မဲ့ခဲ့ရရော...။
မင်ယွန်းဂီဆိုတာဒီလောက်ထိဆိုးဝါးတဲ့သူမဟုတ်ပါဘူးလို့ပြောချင်ပေမယ့် အခွင့်အရေးတွေလည်းမရှိတော့သလို ရှိခဲ့ရင်လည်းလုပ်ဖြစ်မှာမဟုတ်တော့ဘူး ။
သူဆိုတာဒီလိုလူမျိုးပါ ဘယ်တော့မှခံစားချက်ကိုဖော်ထုတ်မပြတက်ခဲ့တဲ့လူစားမျိုးပေါ့ ။
.
.
.
.

၂၀၁၅ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့။

နိုဝင်ဘာလတွေရဲ့ ပထမဆုံးသောနှင်းကျချိန်ဖြစ်သည်။
ဆုနွန်းနေ့မို့ စိတ်လှုပ်ရှားနေရပေမယ့် ယွန်းဂီဆိုတာဘယ်အရာမှ မျက်နှာပေါ်မှာဖော်မပြတက်သည်မို့
ထိုနေ့သည်လည်း နေ့စဉ်ရက်တူတွေထဲကတစ်ရက်လို။

ယွန်းဂီအိမ်တွင် ဟိုဆော့နှင့်နမ်ဂျွန်ပါရောက်နေကြပြီး
ဆိုးပေ့ဆိုသည့် လူနှစ်ယောက်က မကြာသေးသည့်အချိန်အတွင်းမှာပင် ယွန်းဂီကိုတော့စိတ်ရင်းနှင့်ခင်ပေးကြပါ၏။ ဝါသနာတူမို့တစ်ခါတစ်လေသီချင်းအကြောင်းပြောတက်ကြပေမယ့် တစ်ခါတစ်ရံစကားထဲဂျုန်းပါလာလျှင် ယွန်းဂီငြိမ်ကျသွားတက်သည်။
အကဲခတ်တက်သူပီပီနမ်ဂျွန်က ဖြောင်းဖြပေးဖို့ကြိုးစားတိုင်း ဟိုဆော့ဆိုသည့် အဆိုးတကာ့အဆိုးဆုံးကကြားထဲကဝင်ဝင်ငြှောင့်တက်သည်မို့ ဘယ်တော့မှခရီးမရောက်လိုက်။

ဂျောင်ဟိုဆော့ဝဋ်လည်ပါစေလို့တော့မပြောမိပေမယ့်
ဂျောင်ဟိုဆော့ဝဋ်တော့လည်ဦးမယ်ဆိုပြီး နမ်ဂျွန်စိတ်ထဲကတွေးနေမိသေးသည်။

_JK_ [yoonkook/jihope]Where stories live. Discover now