3

456 50 7
                                    


ကျောင်းကာယအချိန်ဖြစ်၏။ အပြာနုရောင်ဘောင်းဘီအင်္ကျီဝမ်းဆက်ကို ကျောင်းသားတစ်ချို့လဲထားကြပြီး တစ်ချို့သည်ကျောင်းဝန်းထဲရောက်နေကြသလို တစ်ချို့ကျောင်းသားများသည်လည်းထိုအချိန်တွေဆိုစုစုရုန်းရုန်းဖြင့် ဆယ်ကျော်သက်သဘာဝအလျောက်လွတ်လပ်စွာပင်ရှိနေကြသည်။

ထိုထဲ အပျော်လွန်ပြီးအပျက်ဖြစ်နေသည့်နှစ်ယောက်ကတော့ပိုဆိုးပါ၏။

''ကြည့်ဦး..နမ်ဂျွန်.. သူ့ဟာကငါ့ထက်တောင်ကြီးတယ်ကွ ...ဟားဟား...''

ညကပင် လောလောလတ်လတ်ရိုက်ခဲ့သောပုံအား IG storyတွင်တင်ဖို့ ဂျောင်ဟိုဆော့တို့စိတ်အားထက်သန်နေသည်။
ဟိုဆော့သည်ဖုန်းစခရင်ကို
ကျုံ့လိုက်ချဲ့လိုက်ဖြင့်ကြည့်ကာ
အလုပ်ရှုတ်နေပြီးကျောင်းခန်းထဲကျောင်းသားပေါင်းများစွာကြားထဲ ညစ်ပက်သောစကားများကို အသံကျယ်စွာပင်ပြောရင်း ဆိုးဖော်ဆိုးဖက်နမ်ဂျွန်အားပြကာနေသည်။ နမ်ဂျွန်ကတော့ ရိုင်းစိုင်းသောစကားလုံးဖြင့်ထောက်ခံပြီးသည်နှင့် နှစ်ယောက်သား ခပ်ကျယ်ကျယ်ရီကြပြန်၏။

ပုံစံတွေသည် ဟိုဆော့ကခုံပေါ်ထိုင်ရင်း နမ်ဂျွန်ကတော့ဟိုဆော့စာရေးသည့်ခုံပေါ်တက်ထိုင်ကာ ဟိုဆော့ပြသည့်ပုံကိုကြည့်လိုက်ရီလိုက်ဖြင့်ပင် ။ မည်မျှပင်အကြောက်အလန့်မရှိ သူဋ္ဌေးသား ဆိုသည့်ဂုဏ်ပုဒ်နှင့်အညီ သူတို့နှစ်ယောက်သည် မီးကုန်ယမ်းကုန်အခွင့်အရေးယူတက်ပါ၏

ခပ်ကျယ်ကျယ်ရီလိုက် စကားပြောလိုက် လုပ်နေတုန်း ယွန်းဂီ ဝင်လာခြင်းကြောင့် ဟိုဆော့၏ ရီနေသည့်အပြုံးများက မဲ့ပြုံးများအသွင်ပြောင်းကာစိုက်ကြည့်လိုက်၏။
အထာတွေသည်ဘယ်သူပိုမိုက်ကြောင်း မိုက်ကြေးခွဲနေသလို။သူတစ်စက္ကန့်ကြည့်လျှင် မင်ယွန်းဂီစက္ကန့်တစ်ရာပိုကြည့်လိုက်မည်။
ထိုသို့ပင် နှစ်ဖက်သည်အမောက်ကလေးနှင့် ဇနှင့်ပင်။

''ကျစ်.... ကွာ...ကျက်သရေမရှိလိုက်တာ ။''

နမ်ဂျွန်သည် ယွန်းဂီလျောက်လှမ်းရာအတိုင်းထပ်ကြပ်မခွာကြည့်ရင်းပြောတော့ ယွန်းဂီကတော့မသိသလိုသာ စာရေးတဲ့ခုံကို ခြေထောက်နှင့်တွန်းတိုက်ကာ ခုံပေါ်ထိုင်လိုက်ရင်း စာအုပ်တစ်အုပ်ထုတ်ကာရေးခြစ်​နေ၏။ မတူမတန်သလိုတုံပြန်သည်ကပိုကောင်းပါ၏။

_JK_ [yoonkook/jihope]Where stories live. Discover now