9

361 49 12
                                    

ဂျုန်းအခန်းငယ်လေးသည် သက်ခပ်စွာပင်ရှိနေသည်။
ကုတင်မပါဘဲ မွေ့ယာလေးချရက်သားနှင့်ဂျုန်းအသုံးအဆောင်ဆိုပြီးပြစရာ ဘာမှများများစားစားသိပ်မရှိ။
သို့သော် တစ်ဖက်တွင် အံ့အားသင့်စရာပင်ကောင်းလောက်မည့် သူနဲ့ပုံတူပန်းချီကားချက်တွေစီတန်းကာရှိနေ၏။

တိမ်ပုံစံ ခပ်မှိုင်းမှိုင်းအောက်က သူ့ပုံံတူတွေ...
ဂစ်တာတီးနေတဲ့ သူ့ရဲ့ပုံတူတွေ...
သေချာစွာတိကျလွန်းတဲ့ သူ့ရဲ့အပြုံးနဲ့ပုံတူတွေ...
သူ့ကိုယ်သူတောင် ဒီလိုပုံစံမျိုးရှိခဲ့ဖူးလားပြန်စဉ်းစားရသည်အထိ အလွန်ပင်တိကျလွန်းပါ၏။

ဒါတွေသည်ဂျုန်းအခန်းထဲအပြည့်ပင်မို့ သူအံအားသင့်ကာနေသည်မှာအကြာကြီး။

''ဟင်....ဒါတွေက...''

ယွန်းဂီမတ်တပ်ရပ်လျက်သားဖြင့်ပင် အခန်းထောင့်လေးနားစီတန်းကာနေတဲ့ပုံတူတွေကိုလက်ညိုးထိုးကာမေးတော့၏။

''ဂျုန်း ကိုကို့ကို သတိရတိုင်းဆွဲထားတာတွေလေ...လှတယ်မဟုတ်လား... ချီးကျူးပါဦးလား ကိုကိုရာ..''

အနောက်ကနေသိုင်းဖက်ရင် ဂျုန်းနှုတ်ခမ်းပါးတွေသည် ယွန်းဂီလည်တိုင်နား ဖိကပ်ကာနမ်းနေသည်။
ထိုအနောက်ကနေဖက်ထားတဲ့ဂျုန်းလက်တွေကို ယွန်းဂီထပ်ကာဖက်ထားပြန်တော့ ဂျုန်းပိုမိုတင်းကြပ်စွာဖက်လိုက်ပြန်၏။ အနေအထားတွေသည် နီးနီးကပ်ကပ်ရဲတင်းစွာဖက်ထားကြသည်ပင်။

''လှတာပေါ့... ဂျုန်းဝါသနာက ပန်းချီဆွဲတာလား ...ကိုကိုတကယ်အံ့သြမိတယ်...''

''အဲ့တာဂျုန်းဝါသနာလား... ဟင့်အင်း... ကိုကို! မဟုတ်ဘူးနဲ့တူတယ် ..ဂျုန်းဝါသနာပါတာ ကိုကို့တစ်ယောက်တည်းကိုပဲ.. ကိုကို့ကိုပဲချစ်နေရတာဝါသနာပါတာ...
ဂျုန်းစိတ်ဝင်စားတာဘာတစ်ခုမှမရှိဘူး ဂျုန်းက ကိုကို့ကိုပဲစိတ်ဝင်စားတက်တာ...''

ခပ်လေးလေးပင်ပင်ဖြင့် တွေးတောကာပြောနေသည့် ဂျုန်း၏လေသံတွေသည် ယွန်းဂီ၏ဟက်ခနဲရီမောသံကြောင့်တိခနဲရပ်သွား၏။

_JK_ [yoonkook/jihope]Waar verhalen tot leven komen. Ontdek het nu