21

281 52 25
                                    

ရုပ်ရှင်တစ်ကားကြည့်ဖူးတယ် ။ရှားပါးပါးပါပဲ တစ်ကားလုံးအပြီးထိကြည့်ဖူးခဲ့တာဆိုလို့ဒီကားပဲရှိမယ်ထင်တယ်။

အမျိုးသမီးတွေနဲ့ချိန်းတွေ့ရင်ဘာသဘောမှန်းမသိ ရုပ်ရှင်အရင်စကြည့်တာကနေဟိုတယ်ရောက်တဲ့အထိ သူတို့အဲ့လောက်ကို အချိန်ကြယူတက်တယ်။

ရုပ်ရှင်ကားနာမည်တော့မသိဘူး သင်္ဘော
ပေါ်မှာဟိုပြေးဒီပြေး သင်္ဘောပျက်လို့ဗျာများနေကြတဲ့အချိန် အချစ်တစ်ခုပေါ့ရှာတွေ့ခဲ့ကြတယ်ထင်တယ်။ နောက်ဆုံးဇာတ်လိုက်အမျိုးသားက ဇာတ်လိုက်အမျိုးသမီးအသက်ရှင်ပေးဖို့အတွက်သေပေးခဲ့တာ ။

သူနဲ့အတူသွားကြည့်တဲ့အမျိုးသမီးငယ်ကငိုတော့သူရီမိလိုက်သေးတယ်။ အဲ့တော့သူမက ဝမ်းနည်းစရာဇာတ်သိမ်းမို့မငိုဘူးလားတဲ့ ဒီတော့ သူပြန်ဖြေခဲ့မိတယ် ဒါပျော်ရွှင်စရာဇာတ်သိမ်းတစ်ခုပါလို့။

ဒီကားထဲ ရွေးချယ်ထားတဲ့ဇာတ်လိုက်က သေဆုံးသွားရပေမယ့် ဇာတ်လိုက်အမျိုးသမီးအတွက်ကတော့ သူ့ဇာတ်လိုက်ကဒီအမျိုးသားသေသွားမှရှာတွေ့ခဲ့တာပါလို့။

ပျော်စရာမကောင်းဘူးလား ။အဲ့တာကြောင့်ဇာတ်လိုက်တွေဘဝပျက်မှ ထိုက်တန်တဲ့သူဆိုတာပေါ်လာတက်တာပါ။

သူ့ဘဝနဲ့သူပေါ့ နှင်းခဲလေးရဲ့ဘဝထဲမှာတော့သူကထိုက်တန်တဲ့သူအဖြစ် အစကတည်းကရှိမနေခဲ့ရုံပါပဲ။ သူကနှင်းခဲလေးအတွက် Happy Endingဖြစ်ဖို့ဖန်တီးရဦးမယ်မဟုတ်လား။
.
.

ပေါင်ပေါ်တွေထိတက်အိပ်လိုက်သည်နှင့် မျက်လုံးတွေမှေးစင်းလိုက်ပြီး ယွန်းဂီသူ့ဆံပင်တွေကိုသပ်တင်ကာဖွကစားနေတော့သဘောကျစွာရီသည်။

ဆေးတွေကြောင့်လွင့်ရသည့်ဖီလင်ကဘာနှင့်မျှမတူ။ ယုန်ငယ်လေးတစ်ကောင် မြက်ခင်းပြင်ကျယ်ကြီးထဲ လွတ်ထွက်သွား သလိုပါပဲ။

သူ့ဆီတိုးချင်တိုင်းလည်းဝင်တိုးလို့ရသလို သူ့ဆီမှာပဲသိမ်သိမ်နုပ်နုပ်နေလိုက်ချင်လည်းရတယ်။

''ကတ်မပိတ်ရင် အလည်လွန်နေဦးမှာမလား ။ ကတ်ပိတ်လိုက်တော့... ဟော ...တစ်ပါတ်တောင်မခံနိုင်တော့ဘဲရောက်ချလာပြီလေ''

_JK_ [yoonkook/jihope]Where stories live. Discover now