11

337 47 18
                                    

မှားခဲ့တာတွေပါပဲ...
ဘယ်ကစမှားလဲဆို ဂျုန်းဖြစ်နေတာကြောင့် သူဘာလုပ်လုပ်ရတယ်ဆိုတဲ့အတွေးမျိုးဝင်ခဲ့တဲ့နေ့ကစခဲ့တာပဲ။

သူသိပ်ကိုချစ်ခဲ့ရပါတယ်။
ချစ်ပုံချစ်နည်းမတူခဲ့တာလား ယောက်ျားလေးအချစ်မို့ ခပ်ပေါ့ပေါ့လေးတွေးမိလိုက်တာလား
ဒါမှမဟုတ် ဂျုန်းမို့ ဂျုန်းဖြစ်နေတာကြောင့် သူအလွယ်တကူနှိမ်ခဲ့မိတာလား...
အခုအချိန်မှာပြန်တွေးမိရင် ''မှားခဲ့တာ''ဆိုတဲ့စကားလုံးအပြင် ဂျုန်းအပေါ်သူဘာမှထပ်ပြောစရာ ရှိမနေ တော့ပါ။
.
.
.

*အခုဂျေကေဆေးသုံးနေတယ်... *

*အမျိုးသမီးတစ်ယောက်နဲ့ အခန်းထဲမှာ အတူနေနေတယ်ထင်တယ် *

*ပိုက်ဆံတွေရလာပုံပဲ...ဖဲပြန်ရိုက်နေတယ်*

*ရှုံးသွားပြန်ပြီ... သူ့ဆိုက်ကယ်သော့ပေးလိုက်ရပြီ*

ဆက်တိုက်ပို့နေတဲ့ စာတိုတွေကိုသူအဆက်မပြက်ဖတ်နေပြီး ဂျေကေ့ကိုသူအလွတ်မပေးနေခဲ့ပါ။ ထပ်ပြီးအဆုံးအရှုံးမခံနိုင်တော့တဲ့အတွက် သူရနိုင်တဲ့နည်းလမ်းသုံးပြီးစောင့်ကြည့်နေရမှာပဲ။

ခေါက်ဖုန်းကိုခနပိတ်ပြီး သူမျက်လုံးတွေအနားယူသလို ဆိုဖာပေါ်သူခနမှေးလိုက်ရသည်။ ဘယ်ပုံဘယ်နည်းကိုင်တွယ်ရမယ်မှန်းသူမသိတော့သလို ဘာတွေပေးပြီးချော့ရမလဲ သူစဥ်းစားမရ။

ဂျုန်းကအရင်ကတည်းကသူမဖြေရှင်းနိုင်ခဲ့တဲ့ ပဟေဋိလေးများလား။

.
...........................................
...........................................

ညဘက်ရောက်လာသည်ကြောင့်ထင်၏ အနည်းငယ်အေးတဲ့ဘက်သို့ကူးလာခဲ့သည်။

ပါ့ခ်ကတော့ရေချိုးပြီးကာစမို့ bathrobeတစ်ထည်သာဝတ်ထားပြီး ဆံပင်ခပ်ရှည်ရှည်တွေသည် ရေစက်လက်နှင့်
အတော်ပင်ကြည်ကြည်လင်လင်ဖြင့် ကြည့်ကောင်းနေသည်။

ပါခ့်ကကြည်လင်နေတဲ့ဖန်လုံးလေးလို တောက်ပမှု့မျိုး။
နှုတ်ခမ်းကကွင်းဝိုင်းလေးကိုလည်း ဖြုတ်ထားသေးပြီး နှုတ်ခမ်းဖူးဖူးလေးသည် အကူအညီမပါဘဲနဲ့ဒီအတိုင်းလေးလည်းသိပ်လှနေခဲ့တာပါ။
သေချာမှု့တော့မဆိုနိုင်ပေမယ့် ပါ့ခ်ပြုံးလိုက်သလို သူမြင်လိုက်ရသေးပါ၏။

_JK_ [yoonkook/jihope]Where stories live. Discover now