12

360 56 17
                                    

အချစ်တွေဆိုပြီး ယုံကြည်နေတာမျိုးမဟုတ်ပေမယ့်
သူ ဒီယောက်ျားငယ်ကို မြင်မြင်ချင်းမှာပဲ နှစ်နှစ်ကာကာကို
မြတ်နိုးခဲ့မိတာပါ။

သို့သော်လေးတွေရှိနေလို့ မထိရက်မတို့ရက်ဖြစ်နေရတာလေးတစ်ခုပါပဲ။ ဂျောင်ဟိုဆော့ဆိုတဲ့သူက ဘဝတစ်ခုကိုဖျက်စီးဖူးခဲ့တယ်မဟုတ်လား။

ဆိုးပေနေခဲ့တာလားဆို ဂျောင်ဟိုဆော့ဆိုတာ
ဘဝကိုတမင်ဖျက်ဆီးပြီးနေခဲ့တာလို့ အဖြေပေးမိမှာပါပဲ။
ဒီလိုပဲ မခံနိုင်တဲ့အဆုံးလုပ်ချင်ရာလုပ်ပါတော့လို့
ပြောဖို့ကိုစောင့်နေတဲ့ ဆယ်ကျော်သက်အရွယ်ခပ်ဆိုးဆိုးလေးပါ ။
ဒီထဲသက်တူရွယ်တူ သူငယ်ချင်းကိုပါဖျက်ဆီးပေးရင်း
အချိန်တစ်ခုကြာလာတော့အမှားတွေထပ်လာရော။

ဘာတွေပိုမှားခဲ့လဲဆို ဂျုန်းဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကို
မသေရုံတမယ်ဖျက်ဆီးခဲ့မိပါတယ်ပေါ့။

မရည်ရွယ်ခဲ့ပါဘူး တကယ်မရည်ရွယ်ဘဲဖြစ်သွားခဲ့ရတာပါဆို နစ်နာသူက ဘဝတွေအဖက်ဆယ်ခွင့်တောင်မရှိတော့လို့ သူဆိုတာ ငြိမ်ငြိမ်ကုတ်ကုတ်နဲ့ နေထိုင်ခဲ့ရတဲ့နှစ်တွေလက်ချိုးရေလို့ရခဲ့ပြီ။

''အားနာတယ် ဂျုန်း ...ခွင့်လွှတ်ပေးပါ ''ဆိုပြီး မျက်နှာပြောင်တွေတိုက်ပြီး
ခွင့်လွှတ်ခြင်းတွေရယူလိုက်ချင်ရဲ့။
ဘာလို့ဆို ဒီအလှလေး နဲ့တွေ့မှ ဝဋ်လည်မှာသိပ်ကြောက်မိနေတာ ။

ချစ်နေတာလားဆို' ဟင့်အင်း'လို့ပြန်ဖြေမိမှာပါပဲ
ဒါဆိုလက်လွှတ်နိုင်လားဆို 'သေသွားလိမ့်မယ်'ဆိုပြီး
အဖြေတွေကရှိနေပြန်တော့ ကိုယ်တိုင်တောင်ဘာမှန်းမသိတော့လို့ ရူးနှမ်းသွားရင်လည်းအကောင်းသား ။

ဒီပန်းပွင့်လေးက ရူးအောင်မြူဆွယ်နေတာ
ဒီပန်းပွင့်လေးက ဘဝတွေကိုပိတ်ပင်တားဆီးနေတာ
ဒီပန်းပွင့်လေးက ရှေ့ဆက်ပြီးရင်မဆိုင်ရဲအောင်တန်ဖိုးကြီးနေတာ ။

ဂျောင်ဟိုဆော့ဘဝကို ကမောက်ကမတွေဖြစ်အောင်
လုပ်ပစ်ခဲ့တဲ့ ဒီပန်းပွင့်လက်စွတ်လေးရော...
ဒီနှုတ်ခမ်းဖူးဖူးလုံးလုံးလေးရော
ဒီ တက်တူးသေးသေးလေးတွေရော
မက်မောမိနေလို့
ပိုင်ဆိုင်ခွင့်ရရင်လည်းအကောင်းသား။

_JK_ [yoonkook/jihope]Where stories live. Discover now