10

451 49 20
                                    


''ပို့ရမဲ့နေရာ သိတယ်မဟုတ်လား...
အထုတ်ကလည်း ဂရမ်ချိန်များတယ် !!ဂျုန်း..!! အစ်ကိုစိတ်ချလို့ရပါ့မလား''

''အင်း...ရတယ် ''

ဂျုန်းခပ်ပြုံးပြုံးလေးဖြင့်ဆိုသည်။ ဘာတွေပျော်နေမှန်းမသိ
ဆေးထုတ်ကြီးကိုင်ရင်းဖြင့်ကြောင်ရပ်နေသည်မှာ ဆော့ဂျင်ပါသတိထားမိလာသည်အထိပင်။

''ဘာတုန်း... ဂျုန်း! အခုထိ မသွားသေးဘူးလား ''

''အော်...အင်း အင်း ...အခုပဲသွားတော့မှာ ''

ဂျုန်းကျောပိုးအိတ်ထဲသို့ စက္ကူစတွေနဲ့ ကောင်းစွာထုတ်ထားတဲ့ ပစ္စည်းထုတ်တွေထည့်ရင်း ဆော့ဂျင်ကိုပြုံးပြလိုက်သည်။ယုန်သွားလေးတွေသည် ထင်းခနဲနှင့် မှိုင်းတိုင်းတိုင်းလေးသည်ဒီနေ့အတွက် ကြည်လင်နေပုံရမည်။

''သဘောကျစရာတွေများ ရှိလို့လား ''

''အင်း...''

''ဘာများတုန်း ဂျုန်းရဲ့''

ဆော့ဂျင် ဆေးထုတ်တွေထည့်ထားတဲ့အိတ်ကို ထုတ်ပိုးပြီးလှမ်းမေးသည့်အခါ ဂျုန်းကထပ်ပြီးပြောပြချင်နေပုံရမည် စကားစီထားသလိုချောခနဲဖြင့်။

''ချိန်းထားတာ... သူနဲ့... ''

''အာ... ဟိုနှင်းခဲကောင်လေးဆိုတာလား !!''

ဂျုန်းခေါင်းငြိမ့်ပြကာ ကျောပိုးအိတ်လွယ်ပြီးအရိုအသေပေး၏။ တစ်ညတည်းသူနဲ့အတူနေပြီး သူ့ကိုကိုအကြောင်းပြောပြရမလားဆိုပြီးစကားချီကာ တစ်ညလုံးမအိပ်ဘဲပြောပြခဲ့ဖူးသည်ကြောင့် သူမမြင်ဖူးပေမယ့်ထိုကောင်လေးကိုသိပါ၏။

ဆယ်ကျော်သက်လေးတွေမို့ အချစ်တွေဆိုတာ
ထုတ်ဖော်ပြသဖို့ဝန်မလေးတက်တဲ့အရွယ်လေးတွေဆိုတော့ ရင်ခုန်နေကြမှာအသေအချာပဲ။ ယောကျ်ားလေးချင်းတဲ့ ဂျုန်းကထူးထူးခြားခြားလေးပါပဲ ။

''အစ်ကို့ ဆိုက်ကယ်ယူသွားမလား...!!''

ဆော့ဂျင်သည် အနောက်ကနေလှမ်းအော်ကာပြောတော့
ဂျုန်းခေါင်းတွေငြိမ့်ပြကာ ကလပ်ရှေ့နားရပ်ထားတဲ့
ဆော့ဂျင်ဆိုက်ကယ်ပန်းရောင်လေးဆီအပြေးဦးတည်လိုက်သည်။
တစ်ပတ်ရစ် ခပ်ဟောင်းဟောင်းလေးပေမယ့်
ဂျုန်းကတော့သဘောကျစွာပင်တက်ထိုင်လိုက်သည်။

_JK_ [yoonkook/jihope]Onde histórias criam vida. Descubra agora