8

389 46 15
                                    


ဂျေကေသည် ဆံပင်ရှည်တစ်ချို့ နှာခေါင်းထိပ်နားထိထိုးကျနေသောကြောင် လက်ဖြင့်သပ်တင်လိုက်ပြီး ဖဲချပ်တစ်ချပ်ထပ်ဆွဲလိုက်သည်။စီးကရက်တစ်လိပ်ကလည်း နှုတ်ခမ်းနားတေ့ရက်နှင့်ပင် စုတ်ဖွာခြင်းတောင်မရှိသေးသည်မို့ ပြာများပင်စုနေပြီး ဂျေကေ၏ပုံစံတွေသည် ဖဲချက်တွေအပေါ်အာရုံအပြည့်အဝထားထားသည့်ပုံစံမျိုးပင်။

''ရှုံးပြီ... ဒီညကတော့ ဂျေကေရေလည် ရှုံးတဲ့ညပဲကွာ...''

ဂျေကေသည် ဖဲချက်တွေပစ်ချပြီးဘေးနားကအဆင်သင့်ရှိနေတဲ့အဖြူရောင်အမှုန့်ထုတ်ခပ်သေးသေးကို အသင့်ပါတဲ့ပိုက်ချောင်းနဲ့နှာခေါင်းနားတေ့ကာရှူရှိုင့်လိုက်ရင်း ထိုသို့ပြောတော့ တစ်ဝိုင်းတည်းသားတွေ ဟားတိုက်စွာရီကြသည်။ ထိုဝိုင်းအတွင်း ဖဲအတူရိုက်နေသည့် ထိုလူတွေသည်လည်းခေသူတော့မဟုတ် ဂျေကေနှင့်ရွယ်တူ သူဋ္ဌေးသားများပင်ဖြစ်ပြီး ဂျေကေနဲ့မကင်းမလွတ် ဆက်ဆံရေးတဖြစ် ဟိုတယ်သွားဖူးတဲ့သူခပ်များများပင်။

ဂျေကေ့ညတွေဟာ အပျော်တွေချည်း။ အရာရာကိုခပ်ပေါ့ပေါ့သာတွေးပြီး အချစ်တွေတစ်လေကြီးနဲ့မို့ ဂျေကေလောက်သာယာတာဂျေကေပင်ရှိမည်။ ငွေပြတ်ရင်တစ်ယောက်လောက်ရှာပြီးအိပ်လိုက်မည်။ငွေလျံလာလျှင် အမှုန့်အပြည့်ဖြည့်ထားပြီး သုံးမည်ဖြုန်းမည်။
ဂျေကေရှာသမျှ ဂျေကေဖြုန်းဖို့ပဲမို့ ဘဝကအဖြူမှုန့်နဲ့ဖဲရိုက်ဖို့ငွေရဖို့ဆို အိပ်တာလောက်ပဲလိုအပ်တာမို့ ဂျေကေ့အတွက်ငွေဆိုတာရေလိုသုံးနေရစမြဲပဲ။

''ပြန်စမယ် ဘာကျန်သေးလဲ ဂျေကေ...။''

ဖဲချက်တွေကစားလိုက်ရင်း ဖဲဝိုင်းထဲကတစ်ယောက်ကမေးတော့
ဂျေကေယစ်မူးနေခြင်းကနေခေါင်းထောင်ပြီးရီကြဲကြဲလုပ်ပြလိုက်၏။

''လူကျန်တယ်ကွာ...ငါရှုံးရင် ငါနဲ့အိပ်ကြ.. ''

ခပ်ဟဟရီရင်းဂျေကေလောင်းကြေးထပ်ပြန်သည်။
တစ်ဝိုင်းထဲထိုင်ပြီးကစားနေတဲ့လူတစ်ချို့ကတော့ ကြိုက်ပြီဟူသောအကြည့်ဖြင့်ပင် ပွဲထပ်စရန်ပြင်လိုက်သည်။

''ဟေး...ဂျေကေ..''

''ဂျီမင်...''

ဂျီမင်သည် ဂျေကေ့ထက်နှစ်နှစ်ကျော်ကြီးပေမယ့်လည်း အမြဲတမ်းဂျေကေကတော့ ဂျီမင်ပဲခေါ်တက်သည်။
ရိုင်းတာလားဆိုမဟုတ် သူနဲ့စသိကတည်းကထိုသို့ပင်ခေါ်တက်တာမို့ ထွေထွေထူးထူးတော့ ဂျီမင်ဘက်ကရင်ခံမနေဘဲ ဂျီမင်ဆိုတာ အကောင်းမြင်ဝါဒီသမားမဟုတ်ပေမယ့်လည်း ဂျေကေ့ကိုတော့ထူးခြားစွာသည်းခံပေးပါ၏။

_JK_ [yoonkook/jihope]Where stories live. Discover now