15

287 47 19
                                    

ခန္ဓာကိုယ်နဲ့ရင်းပြီးရှာနေရတဲ့အလုပ်က
လွယ်လွယ်ကူကူဘယ်ဟုတ်ခဲ့ပါ့မလဲ။
တစ်ခါတစ်လေ ချောင်းရိုက်ခံရတာတွေရှိသလို
ဂျေကေတို့ဆိုတာ ပါးရိုက်ခံရပေါင်းလည်းမနည်း။
အသိုင်းအဝိုင်းကြီးကြီးနဲ့များ ငြိမိပြီဆိုရင်
ဂျေးထဲသုံးလေးရက်လောက်အောင်းရတဲ့အထိပဲမို့လို့
ဘာကဘာဆိုတာ ဂျေကေတန်းသိသည်။
အခုကတော့ မင်ယွန်းဂီနဲ့ တိုက်ရိုက်ပက်သက်နေတာကြောင့် ဒေါသလေးကတော့ ကပ်ပါလာပြန်၏။

''ငါ့ကိုအခုလာခေါ် မင်ယွန်းဂီ!! ..ငါမထနိုင်တော့ဘူး''

လမ်းဘေးပလက်ဖောင်းမှာ ခေါင်းကိုဖိထားကာဖြင့် ဂျေကေဆောင့်ကြောင့်ထိုင်နေပြီး ဆိုက်ကယ်ကတော့အတော်ပင်ပျက်စီးသွားသည်ကြောင့် စက်တောင်မသက်နိုင်ထိုအတိုင်းလဲနေရက်ပင် ရှိနေသေးသည်။

အများနှင့်တစ်ယောက်မို့မခုခံနိုင်တဲ့အပြင် ရုတ်တရက်ဖြစ်သွားတဲ့အတွက် ကိုယ်တိုင်ကလည်း အားမလိုအားမရဖြစ်နေသေးတော့ ဒေါသပုံချစရာ မင်ယွန်းဂီရှိနေသေးလို့
တော်ပါသေး၏။

လက်ကစီးကရက်ကိုင်ထားရက်ဖြင့် မီးညှိထားခြင်းတော့မရှိဘဲ ဂျေကေ့ပုံစံသည် အနည်းငယ်တုန်ရီနေသေးသည်။
ဂျေကေ့ဘဝမှာ
အသားနာတာလောက်မုန်းတာမရှိ။
အများကြီးနာခဲ့ဖူးလို့ သေးသေးလေးနာတာကအစမခံနိုင်တော့တာမို့ ဂျေကေ့အသားနာအောင်လုပ်ရင်ဆယ်ဆမကနာအောင် ပြန်လုပ်ပစ်ဖို့ဝန်မလေးတက်တာ ။

အချိန်ခနကြာတော့ ကားအနက်တစ်စီးထိုးရပ်လာသည်။
မမြင်ချင်ဆုံးသော ဖျက်လိုဖျက်စီးနှစ်ယောက်ပါထပ်ပါလာပြီးယွန်းဂီကကားမောင်းနေရာကနေ ပြေးဆင်းလာသည်။
maskတွေဦးထုတ်တွေကတော့အပိအရိဖုံးဖိထား၏။

''ဂျုန်း...ဘယ်လိုတွေ!!''

''....''

ရုတ်ချည်းပြေးထိုးလိုက်မည့် ဟန်ဖြင့်ဂျေကေကြောင့်
ဟိုဆော့တို့ဝိုင်းဆွဲရသည်။
သိပ်လည်းမကိုင်ရဲ သူတစ်ချက်ကိုင်ပေါက်ရင် ဟိုဆော့အရိုးအသား တခြားစီဖြစ်သွားမှာအသေအချာပဲမို့
အဟန့်အနေနှင့်သာဆွဲရသည်။
စိတ်သာရှိသည်ထင်၏ ဂျေကေ့ကိုကြည့်ရတာ အတော်ပင်မဟန်တော့တဲ့အနေအထားမျိုးကို မြင်နေရပြီး တုန်ရီကာနေပြီး ထိုပလက်ဖောင်းပေါ်ပြန်ထိုင်ချလိုက်ရသည်။

_JK_ [yoonkook/jihope]Where stories live. Discover now