17

258 47 21
                                    

ရိုင်းရိုင်းစိုင်းစိုင်းစကားမဆိုနှင့် သူဆိုတာ အလှလေးကိုအသံမာမာပြောမိရင်တောင်
မကြိုက်တက်တဲ့သူဖြစ်လာပြီ။
တက်မက်ပြီးကြည့်ဖို့မပြောနဲ့ ဒီအလှလေး ကို လှလို့ကြည့်မိရင်တောင် ချက်ချင်းဖွက်ထားချင်လိုက်ချင်တဲ့အထိ
သူ့ အချစ်တွေသေချာနေခဲ့ပြီ။

သတ္တိတွေမရှိခဲ့လို့မဟုတ်ပါဘူး ဖျက်ဆီးမိမှာစိုးလို့ပါ။
သူ့ကြောင့် ပျက်စီးသွားမှာစိုးလို့။
အလှလေးထိခိုက်သွားမှာစိုးလို့ပါ။

ဒါတွေကြောင့်စိတ်တွေဝေဝါးနေပေမယ့် ဒီအလှလေးကိုသူမှမကာကွယ်ပေးရင် ဘယ်သူမှကာကွယ်ပေးနိုင်မယ်မထင်ဘူး။

ကလပ်မှာအလုပ်လုပ်နေတဲ့အပျက်တစ်ယောက်မို့လို့လား
ဒါတွေ့ကြောင့်ချိတုံချတုံဖြစ်နေတာလားဆို ဂျောင်ဟိုဆော့တို့က ဟင့်အင်းလို့ပြန်ဖြေမိမှာပဲ။

ဒီယောက်ျားငယ် ကလပ်မှာပဲလုပ်လုပ် ဘယ်လောက်ပဲပျက်စီးနေပါစေ ချစ်မိသွားတဲ့အတွက် ဂျီမင်ကတန်ဖိုးကြီးလွန်းလို့ သူနဲ့မထိုက်တန်မှာစိုးလို့ပါ။
သူ့ကိုနည်းနည်းလေးတောင်ခနဲ့ဖို့ကြိုးစားခွင့်မရှိဘူး ။
လှောင်ခွင့်မရှိဘူး ။
ဂျောင်ဟိုဆော့ရဲ့အချစ်တွေက ဒီလိုတွေပါလို့ချပြစရာမလိုလောက်အောင်ချစ်ပြချင်တာ ကာကွယ်ပေးချင်တာ။

လှလွန်းလို့ ရူးနှမ်းနေခဲ့တာအမှန်ပေမယ့် တစ်ဆင့်တက်ပြီး
ဒီအလှလေးကိုအပိုင်လိုချင်နေတာ။
စည်းတွေဘောင်တွေနဲ့တော့
မချုပ်ကိုင်ရဲပါဘူး။
သူနေချင်နေ သူပျော်ဖို့အတွက်ပဲ ဦးစားပေးမို့
လုံခြုံတဲ့ တခြားရင်ခွင်ဆီသွားချင်ရင်တောင် ထိုးထည့်ပေးဦးမှာပါ။
သူပျော်သလိုပေါ့
ဒီလိုမဟုတ်ဘဲနဲ့တော့ သူကဆွဲထားဦးမှာ။

သူပျော်သလိုပေါ့လို့ဆိုပေမယ့် မျှော်လင့်ချက်တွေနဲ့စောင့်နေရတဲ့ဒီလူကတော့ပျော်သလိုမရှိနေတာ အလှလေးသိစေချင်တယ်။
မပျော်နေပါဘူး အလှလေးကိုတစ်ချိန်လုံး
တိုက်အကြီးကြီးထဲ ထည့်သိမ်းထားဖို့ပဲတွေးနေမိတဲ့ဒီလူက အရူးလိုဖြစ်နေပြီဆိုတာသာသိရင်ဂျုန်းတော့ရီနေ တော့မယ်။
သူများချစ်ခြင်းတွေကျခွဲပြီး ဂျောင်ဟိုဆော့တို့ချစ်ခြင်းတွေကျတော့ တိုက်အကြီးကြီးထဲဖွက်ထားတဲ့အထိ တုန်တက်နေလိုက်တာများဆိုပြီး ဂျုန်းတော့လှောင်နေဦးမှာ။

_JK_ [yoonkook/jihope]Where stories live. Discover now