Ep.4

2K 184 12
                                    

"မင်းသမီးနဲ့သခင်မလေးက ဘာတွေလည်း"

အစေခံပီပီ နန်းတော်ထဲက အဝတ်တွေလျှော်ဖွပ်နေရင်း အခြားအစေခံတယောက်ကိုလှမ်းမေးတယ်....ထိုအစေခံကလည်း လျှော်ဖွပ်နေရင်းမှ....

"မနက်မိုးသောက်တာနဲ့နန်းဆောင်ထဲဝင်သွားပြီး ညလထွက်မှ ပြန်ထွက်ရတဲ့ ဆက်ဆံရေးကို ကျွန်ပ်လည်းမသိနိုင်ဘူး "

ထိုစကားတွေကို သစ်ပင်အကွယ်ပေးမှာ ပန်းချီထိုင်ဆွဲနေတဲ့ သခင်မလေးဟာ ပြတ်သားစွာကြားနေရတယ်....သည်းမခံနိုင်ဖြစ်သွားတာမလို့ လက်ထဲက ခဲသားလေးကတော် အစိတ်စိတ်အမွမွ ဖြစ်ရရှာတယ်....

Ni: အာ...ကြယ်ကြွေနေပြီ

စမ်းချောင်းထဲမှာ ထိုင်နေကြရင်းနဲ့ မင်းသမီးရဲ့စကားသံကြောင့် သခင်မလေးဟာ ဘုမသိဘမသိ အပေါ်ကိုမော့ကြည့်တော့ လှလှပပ ကြွေဆင်းနေတဲ့ ကြယ်ငယ်တွေ....ဘေးကမင်းသမီးဟာ လက်နှစ်ဖက်ကို ယှက်ရင်း....

Ni: နောင်နှစ်ပေါင်းများစွာအထိ li ငယ်လေးနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းရလို၏

မင်းသမီးဟာ စိတ်ထဲဆုတောင်းရမည့်ကိစ္စအဝကို သခင်မလေးရှေ့တွင် မျက်လုံးများကိုမှေးစင်း၍ ကျယ်လောင်စွာ အော်ကာ ဆုတောင်းနေခဲ့တယ်....လမင်းကြီးဟာ ကြားနိုင်မလား မိုးနတ်မင်းကြီးကကော ဖြည့်ဆည်းပေးပါ့မလား...

ထိုဆုတောင်းသည် တကယ်ပြည့်ခဲ့မည်ဆိုပါက သခင်မလေးဟာ ဤနေရာမှာတင် ရှုံးပွဲချထိုင်ငိုမည့်ပုံ.....ကလေးဆန်ဆန် ဆုတောင်းတခုပါ ဒီတိုင်းဆုတောင်းတိုင်းသာ ပြည့်ခဲ့ရင် နိုင်ငံတော်မှာ သူဖုန်းစားမရှိနိုင်.......

Ni: li ငယ်ကော ဘာဆုတောင်းလည်း

Li: ဟင်

သူဆုတောင်းသကဲ့သို့မဆုတောင်းရင် သေဒဏ်ကျခံရမည်ကို သခင်မလေးသိပ်ကြောက်နေသည် တုန်ရီနေသောလက်ချောင်းတချို့ကို ဝတ်ရုံနဲ့ ဖုံးကွယ်လိုက်သည်...ထို့နောက် ကျေနပ်တော်မှုမဲ့ အလိမ်အညာတချို့ကို ခစားလိုက်တယ်...

Li: နောင်နှစ်ပေါင်းများစွာအထိတိုင် အိမ်ရှေ့စံမင်းသမီးနဲ့တကွ ဤနေရာကို နှစ်တိုင်းလိုလို အရောက်လာရပါစေလို့ ဆုတောင်းခဲ့မိပါတယ် မင်းသမီး

Last Tear (Season 1)Where stories live. Discover now