Ep.6

1.8K 175 18
                                    

နန်းနောက်မြို့ရိုးအနီးမှာရှိနေတဲ့ ဥယဥ်တော်သို့ သခင်မလေးတယောက် အပြေးကိုရောက်ချလာရပါပြီ....

ဥယဥ်တော်ထဲ ရောက်လာတဲ့အချိန် နေပူတပြင်းဖြစ်နေပင်မယ့် မင်းသမီးဟာ ပန်းတွေကိုမျက်နှာမူ သခင်မလေးကိုကျောခိုင်း၍ ထိုင်တော်မူနေခဲ့တယ်ကြည့်ရတာအထိန်းတော်တွေ ရဲ့စကားကိုနားမထောင်ပြန်ဘူးနဲ့တူပါရဲ့....

Li: အိမ်ရှေ့စံမင်းသမီး

လှည့်မကြည့်လာပါဘူး အတော်လေးစိတ်ဆိုးနေဟန်ရှိတဲ့ မင်းသမီးဟာ လက်တွေဖြင့် ဝတ်ရုံကိုတင်းကြပ်ကြပ်စုပ်ကိုင်ထားတယ် သူမရဲ့အမျက်တော်ရှချိန်ကို သခင်မလေးဟာသိပ်ကြောက်တယ်.....

"သခင်မလေးကိုမျှော်တော်မူနေခဲ့တာပါ"

ဘေးတွင် မင်းသမီးဆီသွားရမည်ကို ခက်ခဲနေသည့် သခင်မလေးအား ကိုယ်ရံတော်မှ ဖြောင့်ချက်ပေးကာ မင်းသမီးဆီ သွားစေပင်
မယ့် ခြေတလှမ်းတောင်မရွေ့သေးတဲ့သခင်မလေး....ဟင့်အင်း ဘယ်လောက်ဘဲ ဖြောင့်ချက်ပေးပါစေ မင်းသမီး အမျက်တော်ရှ ရင် သူဘဲခံစားရတာ မင်းသမီးဆီသွားရမည်ကို ငရဲသွားရမည်ထက်ကြောက်နေသည့် သခင်မလေး.......

Li: ကျွန်တော်မျိုးမကို စိတ်ငြိုနေခဲ့တာလား မင်းသမီး...

ခပ်သာသာ ခေါင်းခါပြသည့် မင်းသမီးရဲ့ မျက်နှာတော်ဟာ တဖက်က ပို၍ဖောင်းနေသယောင် ပါးနီပို၍များနေသယောင်ရှိသည်မလို့

Li: မယ်မယ်မိဖုရားက ရိုက်နှက်ခဲ့တာလား

ပြိုတော့မည့်မိုးကဲ့သို့ မျက်ဝန်းတွေဖြင့် သခင်မလေးကိုစိုက်ကြည့်လာတဲ့ မင်းသမီး ရဲ့ပါးပြင်နုနုကို သခင်မလေးဟာ ကြေမွလွယ်သည့် ပန်းပွင့်ဖတ်ပမာ ခပ်ဖွဖွ ထိကပ်လိုက်တော့ အလိုလို မျက်လွှာချလိုက်တဲ့ မင်းသမီး တစက်သော မျက်ရည်စက်ဟာ သခင်မလေးလက်ပေါ်သို့

မင်းသမီး မျက်ရည်ကျခြင်းကို သခင်မလေးဟာ ပထမဆုံးမြင်ဖူးခြင်း

Ni:မယ်မယ် က မင်းနဲ့မပတ်သပ်ဖို့အမိန့်ပေးစာပို့လာတယ်

Li: အဲ့ဒါကြောင့် မျက်ရည်ကျရတာလား

Last Tear (Season 1)Where stories live. Discover now