Ep.32

1.7K 160 35
                                    

ဘုရင်မအနားယူသွားသည်နှင့်တပြိုင်နက်တည်း သခင်မလေးဟာ အရိပ်အခြည်ကြည့်ရင်း မိမိနန်းဆောင်သို့ မြန်မြန်ဆန်ဆန်ပြန်လာခဲ့သည်....

ကိုယ့်နန်းဆောင်ကိုယ်ရောက်သည်နှင့် တံခါးမကြီးကိုပိတ် အလင်းရောင်တပေါက်တောင်မဝင်နိုင်အောင် လိုက်ကာတွေဖြင့်လိုက်ပိတ်ရင်း သလွန်ပေါ်တွင် စိတ်လှုပ်ရှားစွာထိုင်နေသည်.....

မစောင့်ဆိုင်းနိုင်စွာ ထပြီး သလွန်ဘေးက စားပွဲမှာရှိနေတဲ့ သေတ္တာထဲက အဖြူရောင် ဆေးမှုန့်အနည်းကို အဝတ်စတွင် ဖြူးလိုက်ရင်း နှစ်ခေါက်ခေါက်လိုက်ကာ ဝတ်ရုံထဲထည့်ထားလိုက်တယ်...အဆင်သင့်ဖြစ်နေသည့်သဘောဖြင့်ပေါ့.....

လိုက်ကာကိုနည်းနည်းလောက်ဟလိုက်ပြီး အပြင်က ကိုယ်ရံတော်တွေရဲ့အခြေအနေကိုတချက်ကြည့်တော့....ပုံမှန်အတိုင်း အအသင့်အနေထားဖြင့် စောင့်ကြပ်နေကြတယ်...အပြင်သာထွက်ကြည့် နောက်ကနေတကောက်ကောက်လိုက်လာကြလိမ့်မယ်....

မကျေမနပ်စွာဖြင့် အံကြိတ်လိုက်ကာ အထဲပြန်ဝင်ရင်း သလွန်ပေါ်ပြန်ထိုင်နေလိုက်တယ်....ထိုသို့ဖြင့် ပြန်ထိုင်လိုက်အခြေအနေကြည့်လိုက် ပြန်ထိုင်လိုက်ဖြင့် အလှုပ်တွေရှုပ်နေခဲ့သည်...

ဒူ.ဒူ.ဒူ
ဒူ.ဒူ.ဒူ
ဒူ.ဒူ.ဒူ

အချက်ပေးစည်ကြီးတီးခတ်ပြီးသွားတဲ့နောက် နန်းမြို့ရိုးကြီးပိတ်လိုက်ပြီဆိုတာကို တပြိုင်နက်တည်း သခင်မလေးသဘောပေါက်လိုက်သည်....လိုက်ကာနောက်ကနေ ပြန်ကြည့်တော့ ကိုယ်ရံတော်တချို့ကသူတို့နားနေဆောင်ပြန်သွားကြပြီး ခေါင်းဆောင်ဟုထင်ရသူက သေရည်သောက်ရင်း နန်းဆောင်ရှေ့မှာထိုင်စောင့်နေတယ်....

Li: မြန်မြန်မသွားသေးဘဲ ဘာလုပ်နေတာလည်း....

ခဏအကြာ ခြေသံတွေ ကြားရပြီးတဲ့နောက် သူထွက်သွားပြီဆိုတာကို သခင်မလေးဟာ သဘောပေါက်စွာ နန်းဆောင်တံခါးကိုဖွင့်လိုက်တော့ စိတ်ဓါတ်ကျသွားတယ်ဆိုသည်မှာ ဟိုးအောက်ဆုံးအထိ....

နန်းဆောင်ရှေ့တွေမှာ အစီအရီထားခဲ့တဲ့ ဓါးအိမ်တွင်မရှိသော ဓားတွေနဲ့ လှံတွေ နဲ့ မြှားတွေ နင်းမိလို့အသံထွက်ရင် အကုန်နိုးသွားတော့မှာ...

Last Tear (Season 1)Where stories live. Discover now