Ep.15

1.4K 139 23
                                    

"မင်းသမီး"

သာယာလွန်းလှတဲ့ မနက်မိုးသောက်အချိန်ယံတခုမှာ ဆံနွယ်တွေကို ကိုယ်တိုင်ဖြီးသိမ်းနေတဲ့ မင်းသမီးအား ကိုယ်ရံတော်လင်း ဂါရဝပြုလိုက်တယ်...

Ni: ဘာတွေများသတင်းထူးမေခဲ့သလည်း လင်းကိုယ်ရံတော်

"ဟို...မင်းသမီး"

ပြောကြားရမည်ကို တွန့်ဆုတ်တွနွဆုတ်ဖြစ်နေတဲ့ ကိုယ်ရံတော်ကို ကြေးမုံကနေတဆင့် မျက်မှောင်ကြုံ့ကာ စိုက်ကြည့်လိုက်တော့..

"ဟို...မင်းသမီး li သခင်မလေးက...................."

မင်းသမီးနားကပ်ကာ ဖြစ်သမျှကြားသမျှ မြင်သမျှကို တိတ်တဆိတ်လျှောက်တင်လိုက်တဲ့အခါ မင်းသမီးလက်ထဲက ဘီးဟာ ကြမ်းပြင်ပေါ်ကျရောက်သွားတယ်...

Ni: မင်းပြောတဲ့စကားတွေဟာအမှန်တရားတွေဘဲလား လင်း...

"ကျွန်တော်မျိုး မင်းသမီးအပေါ် ဘယ်တော့အခါမှ မုသားမသုံးဖူးခဲ့ပါ"

မင်းသမီးသည် သိပ်မာကျောချင်ယောင်ဆောင်သည့်နေရာတွင် အတော်တော်လွန်းလှသည်...တုန်ရီနေတဲ့ လက်ဖျားတွေကိုဝတ်ရုံအောက်မှာ ဝှက်ထားလိုက်ကာ ပြောသမျှစကားများအား ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားဆင်နေလျက်.....

"အိမ်ရှေ့စံမင်းသမီး သခင်မလေး နန်းဆောင်သို့အခစားဝင်ရောက်ကြောင်းပါ"

အထိန်းတော်ရဲ့အသံအဆုံး မျက်ခုံးတွေပင့်သက်သွားမိတယ်...ကိုယ်ရံတော် လင်းအား နန်းဆောင်ပြင်ပထွက်သွားရန် လက်ဖြင့်ပြကာ ထွက်သွားခိုင်းလိုက်တယ်....

တံခါးပွင့်သံနဲ့အတူ ဝင်လာတဲ့မိုးပြာရောင်လေး မင်းဟာလေ သိပ်ကိုနာကျဥ်းစရာကောင်းတာဘဲ.....

Ni: မနေ့ညက ဝမ်းကွဲအကိုတော်နဲ့အတော်မှပျော်ခဲ့ရရဲ့လား

Li:ဟုတ်ကဲ့...ဟို မင်းသမီး ကျေးဇူးတော်ကြောင့်ပါ...

ဟက်!!..

Ni:မင်းကလေ li ငယ် ပညာရေးကော လက်ရုံးရေကော အားလုံးအရမ်းတော်ပင်မယ့် တို့ကိုမုသားသုံးတဲ့နေရာမှာကိုသိပ်ညံ့ဖျင်းလွန်းတယ်...

Li:မင်းသမီး...

အနားကိုခြေလှမ်းကျဲတွေနဲ့ရောက်လာတဲ့မင်းသမီးကြောင့် မျက်လွှာတွေချထားမိတယ်....ပုခုံးကို ကျစ်ကျစ်ပါအောက်စုပ်ကိုင်ထားပြီး....

Last Tear (Season 1)Where stories live. Discover now