Ep.10

1.6K 193 28
                                    

မီးပုံးလှလှလေးတွေချိတ်ဆွဲထားပြီဖြစ်သော နန်းတော်ကြီးတခု စည်းကားလွန်းသောပွဲစျေး အစေခံတွေကအစ ပိုးသားဝတ်ရုံတွေနဲ့ လှလှပပတည်ရှိနေတယ်...

ယနေ့ဟာ မင်းသမီးရဲ့မွေးနေ့တော်ပေါ့

မလှုပ်မယှက်သလွန်ပေါ်ထိုင်နေသောသခင်မလေး မျက်လုံးအိမ်တွေတခုလုံးကျိန်းပြီးစပ်နေတာမလို့ မျက်လုံးမှိတ်မိမှာကိုတောင်ကြောက်မိပါရဲ့....

ညတာတခုလုံးကို မမှေးစက်ဘဲ လကိုထိုင်ကြည့်၍ဖြတ်သန်းထားခဲ့ရသည် ဒီလှလှပပ ပန်းချီကားအား မင်းသမီးကိုပေးသင့်လော မပေးသင့်လော တွေးတောရင်း တညတာသာကုန်ဆုံးသွားပါသော်လည်း အဖြေကထွက်မလာ....

ခပ်နွေးနွေးရေတွေကို ထိတွေ့နေရင်းနဲ့ တရိပ်ရိပ်ဖြစ်လာတဲ့ ဦးခေါင်းကိုအသာဖိရင်း မျက်နှာကို ရေသန့်စင်လိုက်တယ်

"သခင်မလေး"

အိမ်တော်ကထွက်ဖို့ဆဲဆဲမှာကြားရတဲ့အသံကြောင့် မဟုတ်ဘူး နန်းတော်ထဲမသွားချင်သေးတာကြောင့် အရေးတယူနားထောင်နေလိုက်တယ်

Li: ဘာအကြောင်းများရှိလို့လည်း

ထိုအစေခံမလေးဟာ ဖဲကြိုးအဖြူလေးကိုအပြေးလာပေးဆောင်စေတယ်...သူလာပေးမှဘဲကြည့်ဖြစ်တော့တယ် မနေ့က မင်းသမီးရဲ့ဆံနွယ်တွေကိက ချည်နှောင်ပေးလိုက်တာမလို့ လက်ကောက်ဝတ်က ဖဲကြိုးလေးဟာရှိမနေတော့...

သူမလက်ထဲက ဖဲကြိုးကိုယူပြီး အိမ်တော်ကနေ အချစ်တော်မြင်းကိုစီးပြီး နန်းတော်သို့လျှင်မြန်စွာချီတက်လာခဲ့သည်..

"Li သခင်မလေးက ချောမောလိုက်တာ"

"Li သခင်မလေးက ချောမောလိုက်တာ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(အဲ့လိုလေးမြင်ပေး)

မင်းသမီးရဲ့မွေးနေ့တော်ဘဲလေ တတိုင်းပြည်လုံး တခမ်းတနားကျင်းပတဲ့ ပွဲတော်ဘဲ မင်းသမီးရှိနေရင်ရပြီပေါ့ သခင်မလေးက ဘာမလို့လည်း နန်းတွင်းထဲရောက်လာပင်မယ့် အရင်လို စာပေလေ့လာခြင်းကိုသာပြုမှုတယ်..

Last Tear (Season 1)Where stories live. Discover now