Ep.28

1.3K 147 25
                                    

ဟင်း......

"အရှင်မ သခင်မလေးကိုအခေါ်တော်လွတ်ပေးလိုက်ရမလား "

ဘုရင်မဟာ...ပြုံးသည် ထိုအပြုံးတွေမှာ မျက်ရည်စလေးတချို့တော့တွဲခိုနေခဲ့သည်...ဘုရင်မကလေ သိပ်နူးညံ့သိပ်မွေ့သူဖြစ်လျက်နဲ့ သိပ်ဆိုးသွမ်းလွန်းသည်ကား ခက်၏.....

Ni:သူမလာလောက်ဘူး အထိန်းတော်ကြီး သူကျမဆီကိုမလာတော့ဘူး....

"ဘယ်လိုမရောက်လာနိုင်ရမှာလည်း ဘုရင်မသာအမိန့်ပေးရင် ကျတော်မျိုးမ အခုချက်ချင်း..."

Ni:အဲ့ဒါကိုပြောတာပေါ့...ငါအမိန့်မပေးချင်တော့ဘူး တောက်လျှောက်အမိန့်တွေပေးလာခဲ့တာကိုသူမငြင်းမဆန်ဘဲနာခံလိုက်ပင်မယ့် ကိုယ်တိုင်ဒူးထောက်ပြီး မျက်ရည်တွဲလဲနဲ့တောင်းဆိုလာတဲ့ မေမေ့ကိုမသတ်လိုက်ပါနဲ့ဆိုတဲ့ သူ့စကားကိုတော့ငါနားမထောင်ခဲ့ဘူး...စိတ်ရှိရင်လာပါလိမ့်မယ် အထိန်းတော်ကြီး အခေါ်တော်မလွတ်ပါနဲ့ စိတ်ပျော်သလိုနေပါစေ....

"ဘုရင်မကြီး"

Ni:ကျမအနားယူချင်ပြီ မီးတွေငြိမ်းလိုက်ပါတော့....

နန်းဆောင်ကြီးတခုလုံး မီးဆုံးဆုံးငြိမ်းကျသွားချိန်မှာတော့ ပန်းခြုံထဲက ကချေသည်လေးဟာ အပြင်သို့ထွက်လာခဲ့သည်...သူသိပ်စိုးရိမ်နေခဲ့တာ သခင်မလေးပြန်ရောက်လာချိန် ဘုရင်မကိုတခုခုလုပ်ပစ်မှာကို....

နန်းဆောင်ထဲဝင်သွားတဲ့သခင်မလေးကိုတားချင်ပေမယ့် အခါနှောင်းသွားခဲ့တယ်....အထဲကအော်ဟစ်သံတွေ ငိုကြွေးသံတွေကို ပန်းခြုံထဲကနေ ပုရွတ်ဆိတ် အကိုက်ခံပြီး ခိုးနားထောင်နေရုံသာတတ်နိုင်ခဲ့တဲ့ ဒီလူသားငယ်.....

သိပ်ပြီးနာကျင်ရလွန်းလို့လည်း... ရူးမတတ်ပါဘဲ...ရှိုက်သံသဲသဲလေးတွေကြားနေရတဲ့ညအခါတွေဆိုရင် ကချေသည်လေးဟာ သူ့နန်းဆောင်ကိုတောင်မပြန်နိုင်တော့ ညတာတခုလုံး အေးချမ်းလှတဲ့ ရာသီဥတု ကိုတောင့်ခံကာ ဘုရင်မနန်းဆောင်မှာသာရှိနေတတ်သည်....

ဒီလောက်ကြီးနာကျင်နေရတာကို ဘုရင်မကဘာကြောင့် သခင်မလေးမှ သခင်မလေး တမ်းတမ်းဆွဲဖြစ်ပြီးချစ်နေရတာလည်းလို့ မေးကြည့်ဖူးချင်ပေမယ့်လေ...ကံကြမ္မာရေးဆွဲသူကပြောပြဖူးတယ် အဲ့တာဆိုနင်ကကောတဲ့ နင်လည်း ဘုရင်မမှဘာရင်မ တမ်းတမ်းဆွဲဘာကြောင့်ချစ်နေရတာလည်းတဲ့ သခင်မလေးနဲ့ဘုရင်မကတောင် အထက်တန်းစားတွေမလို့ကံအားဆီလျော်ပင်မယ့် နင်နဲ့ဘုရင်မဆိုတာ မိုးနဲ့မြေပါတဲ့....ဘာကြောင့်လည်းဆိုတော့လေ...အချစ်မှာကလေ တကယ်မျက်လုံးမပါဘူး သူချစ်ချင်တဲ့သူကိုစွတ်ချစ်ပစ်လိုက်တာ ဒီကပိုင်ရှင် ကချေသည်လေးကိုသူမညှာတာဘူး....

Last Tear (Season 1)Where stories live. Discover now