Ep.30

1.3K 141 44
                                    

ဘုရင်မဟာ...သူ့အဖိုးတန်ကလေးလေးထိမှာစိုးလို့....မကြိုက်လို့အမြဲသတိထားဖယ်ပေးခဲ့ရတဲ့စားစရာတွေတောင် ဒီကလေးက အရသာမခံ....ပြီးပြီးရော ပါးစပ်ထဲအကုန်ထိုးထည့်နေသည်....
မနက်ကတည်းက ပန်းကန်ထဲထည့်ထားတဲ့ထမင်းတွေဟာ အေးစက်မာကျောနေပြီ ....ဒါကိုတောင် ခေါင်းမဖော်စတမ်း တလုပ်ပြီးတလုပ် ပါးစပ်ထဲထည်နေ့တာ....

သူ့ပါးစပ်ထဲထမင်းတလုပ်ဝင်သွားတိုင်း နာနာကျင်ကျင်ထိုင်ကြည့်ကာ တစက်ချင်းဆီကျလာသောမျက်ရည်တွေသည် စားပွဲပေါ်သို့...
အေးစက်နေပြီဖြစ်သောဟင်းရည်တွေ...မာကျောနေသောအသားတွေ ဘာစကားတခွန်းမျှမဆိုဘဲ အသံတိတ် ရင်ကိုချေမွနေလိုက်တာများ ကြားလို့တောင်မကောင်း.....

လှလှပပပြင်ဆင်ပေးထားတဲ့ သူ့အတွက် သူအကြိုက်ဆုံး နံရိုး တွေကိုကျလုံးဝထိမသွားခဲ့ဘူး.... ရွဲ့တာစောင်းတာများ....ရူးအောင် ရူးပစ်လိုက်လို့ရအောင်....သူသဘောကျတယ်ဆိုလို့ လိပ်ပြာကလေးဆိုလည်း အတောင်တွေချိုးပြီး ဖန်ပုလင်းထဲထည့်ထားလိုက်ရတာတွေကိုမမြင်ဘူး.....ကြည့်​နေရင်းအသက်ရူနေမရတော့တာကြောင့်....

Ni:တော်ပါတော့!!!.....

စိတ်လွတ်စွာ စားပွဲကိုဘေးဖက်သို့ဆွဲမှောက်ပစ်လိုက်တော့ သခင်မလေးဟာ တူကိုင်လျက်နဲ့ရီဝေဝေကြည့်လာခဲ့သည်.....

Ni: မင်း...ငါ့ကို ရူးအောင်

သေးသွယ်သောကိုယ်လုံးငယ်လေးဟာ လျှင်မြန်စွာပြေးဝင်လာပြီး လည်ပင်းတွေကိုဆွဲညစ်လာသည် ဒေါသတွေဘယ်လောက်များထွက်နေခဲ့လည်းမသိ...လုံးဝကိုအသိစိတ်လွတ်နေခဲ့သည်....ခံနိုင်သလောက်တော့ သည်းခံနေပင်မယ့် အံကြိတ်ပြီးကိုနှိပ်စက်နေတာကြောင့် ကြာကြာမခံနိုင်ခဲ့.....

လုံးဝအသက်ရှူလို့မရတော့၍ လက်သေးသေးလေးတွေကို အားကုန်သုံးဆွဲဖြုတ်လိုက်ကာ ရင်ခွင်ထဲချုပ်ကာ ထည့်ထားလိုက်ရသည်....

မထိန်းနိုင်ရင် ဒီည သခင်မလေးဟာတကယ်သေမှာ.....

Li:စိတ်လျှော့ပါ...တောင်းပန်ပါတယ် ...အရာအားလုံးအတွက် တောင်းပန်ပါတယ်ကွာ...အဲ့လိုမျိုးတော့မကြမ်းတမ်းပါနဲ့....မလိုက်ဖက်လွန်းလို့ပါ...Ni ရယ်

Last Tear (Season 1)Where stories live. Discover now