Ep.24

1.2K 139 19
                                    

Li: စိတ်မပူနဲ့ အားလုံးအဆင်ပြေသွားလိမ့်မယ်...

"ငါ့ခမည်းတော်တောင်အဲ့လောက် မကြောင်းကြဘူး ငါလည်းဒီလောက်တော့သိပါတယ်"

မင်းသမီးဟျွန်းသည် ဝတ်ရုံဆင်စွယ်ရောင်လေးကို ခါးစည်းအကြပ်ဖြင့် ကိုယ်ကပ်ရုံသာဝတ်ဆင်ထားတယ်...ဓါးလေးကိုကိုင်ပြီး ပြိုင်ပွဲဝင်ရန်အသင့်ဖြစ်နေခဲ့ပြီ....

Li: ကြောင်းကြနေတာမဟုတ်ဘူး အိမ်ရှေ့စံမင်းသမီး ဓါးခုတ်ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာငါအသိဆုံး အတတ်နိုင်ဆုံးသူ့ဓားချက်ကိုရှောင်...သူကချက်ချင်းလည်ဖြတ်ပစ်တာထက် တဖြေးဖြေးချင်းပင်ပန်းအောင်လုပ်တတ်တယ်...

"ဟုတ်ပါပြီ သခင်မလေးရယ် အောင်ပွဲခံပြီးပြန်လာခဲ့မယ် "

Li: အဲ့စကားကိုယုံထားပေးပါ့မယ်...

မင်းသမီးဟျွန်းပြင်ဆင်နေတာကို သခင်မလေးက လာစောင့်ကြပ်ပေးရင်း မှာတမ်းခြွေနေခြင်းဖြစ်တယ်...

ဒူ.

Li:ဟျွန်း ငါသွားပြီနော် ဖေဖေရှာနေမှာစိုးလို့...

မင်းသမီးဟျွန်းဟာခေါင်းကိုသာငြိမ့်ပြပြီးတဲ့နောက် အစေခံတချို့ဖြင့် တပ်ကွင်းသို့ကြွရောက်လာခဲ့တယ်...
.
.
.
.
............"
ဒူ.ဒူ.ဒူ

စည်ကြီး တဒူဒူတီးခတ်ပြီးတဲ့နောက် သေရည်တွေ အစားအသောက်တွေနဲ့ပြည့်နေတဲ့ စားပွဲကြီးတွေဖြင့် ထီးတော်တွေဖြင့် တပ်ကွင်းပတ်ပတ်လည်ဝန်းရံထားကာ ဂျိုဆွန်းဘုရင် ချင်တိုင်းဘုရင်နဲ့အတူ နန်းတွင်းသူနန်းတွင်းသားတွေအကုန်ရောက်ရှိနေကြတယ်...

ဝေး........

ပြည်သူတွေရဲ့အားပေးချီးမြှောက်သံတချို့ကိုကြားနေရတယ်.....

သံတံခါးကြီးဖွင့်တဲ့အသံအဆုံးမှာ ဆင်စွယ်ရောင်ဝတ်ရုံလေးဖြင့် မင်းသမီးဟျွန်းရယ် နက်မှောင်ရောင်ဝတ်ရုံဖြင့် အိမ်ရှေ့စံမင်းသမီးရယ် တပ်ကွင်းထဲဝင်ရောက်လာခဲ့တယ်....

မင်းသမီးနှစ်ယောက်ဟာ ဘုရင်တွေကိုဂါရဝပြုကြတယ် ပြီးနောက်အချင်းချင်းဂါရဝပြုကြတယ် မင်းသမီးဟျွန်းဟာ သူမရဲ့ဓားကိုထုတ်လိုက်သလို အိမ်ရှေ့စံမင်းသမီးဟာလည်း သူ့ရဲ့အဆိပ်သုတ်လိမ်းထားသောဓါးကိုထုတ်လိုက်တယ်....

Last Tear (Season 1)Where stories live. Discover now