လည်ဖျားတွင် ဝင်လေထွက်လေတွေ ရိုက်ခတ်နေတယ်...
အသက်မရှုမိတော့ဘူး ဟုတယ်
အသက်မရှုမိလောက်အောင် သွေးပျက်နေခဲ့တယ်...ကျသွားတဲ့ဓါးကိုလည်းပြန်မကောက်မိသလို...
လည်တိုင်ကိုနမ်းနေတဲ့ မင်းသမီးကိုလည်းဆွဲမခွာရက်ဘူး မလုပ်ရက်ဘူးဆိုတာထက် မလုပ်ရဲခဲ့တာပါ....မြစ်ကမ်းစပ်နားက ပြည်သူတွေဟာ သခင်မလေးတို့ဆီဝိုင်းအုံလာခဲ့ပြီ....ဟင့်အင်း ဒီသတင်း ဖေဖေသိသွားလို့မဖြစ်ဘူး မင်းသမီးက ပဝါအုပ်ပြီးရုပ်ဖျက်ထားပင်မယ့် သခင်မလေးက ဘာမှမပြုပြင်လာခဲ့...
နောက်သို့ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်လိုက်တော့ ဇာစအောက်က မင်းသမီးရဲ့အကြည့်တွေကို ရင်ဆိုင်လိုက်တယ် အမျက်ထွက်လည်းရင်ဆိုင်ရမှာဘဲ သူပြုသမျှမနုချင်တော့ဘူး...
Ni: Liငယ်...ဟို...တို့
Li: ညနက်နေပြီ မင်းသမီး သန်းခေါင်ယံဆိုရင် နန်းတွင်းတံခါးတွေပိတ်တော့မှာ ပြန်ချိန်သင့်ပါပြီ...
Ni:အင်း...
သဲလမ်းတလျောက် ငြင်သာစွာလျောက်လာခဲ့ကြတယ် လေစိမ်းတွေဟာလည်း အတော်ကိုရိုက်ခတ်နေတယ်....တဖြည်းဖြည်း ဝါးရုံတေါအလယ်ကကွင်းပြင်ကြီးကိုရောက်လာတယ်...
ချမ်းစိမ့်လွန်းတဲ့လေတွေကြောင့် အေးစိမ့်လွန်းတဲ့ရာသီဥတုကြောင့် ပိုးသားလေးလို ဥပြီးမွေးလာတဲ့ မင်းသမီးလေးကတော့ တုန်ရီနေခဲ့တယ်....
လွှားကနဲ ရောက်လာတဲ့ပုခုံးပေါ်ကဝတ်ရုံကြောင့် မင်းသမီးဟာ သခင်မလေးကို ငေးကြည့်နေတယ်...ဘာလို့ အဲ့သလောက် ချောရက်ရတာလည်း
Ni: မင်းအေးနေလိမ့်မယ် li ငယ်
Li: မင်းသမီးက ပိုအေးနေမှာပေါ့
Ni: မင်းတို့အအေးမိမှာကိုစိုးရွံတာလား
Li: မင်းသမီးအအေးမိလို့ တာဝန်မကျေမှာကိုစိုးရွံတာပါ
Ni: တာဝန်အရပေါ့
ဆူးကနဲဘဲ အောင့်သက်သက်နဲ့နာကျင်ခြင်းဟာ သူနဲ့မှစတင်ဖြစ်ပေါ်တယ်...
Li: ဟုတ်ကဲ့
သခင်မလေးရဲ့ ဝတ်ရုံကိုခါချပြီး နန်းတော်တံခါးဝဆီသွားလိုက်တဲ့မင်းသမီးကိုနားမလည်နိုင်ကြည့်လိုက်တယ်...နန်းတွင်း အပေါက်ဝနားရောက်တော့ စိတ်ချရပြီ တာဝန်ကျေပြီဆိုတဲ့အချိန်မှလှည့်ထွက်လာပြီး ခြေလှမ်းလှမ်းဖို့အစ..
YOU ARE READING
Last Tear (Season 1)