Ep.18

1.2K 137 10
                                    

Young: ကျွန်တော်မျိုးမ ဘယ်လိုမျိုးများ ဆောင်ရွက်ပေးရင် အိမ်ရှေ့စံမင်းသမီး ကောင်းမွန်စွာအနားယူနိုင်မလည်း...မင်းသမီး စိတ်မပူပန်နေရအောင် ကျွန်တော်မျိုးမ ဘာဘဲဖြစ်ဖြစ်လုပ်ပေးပါ့မယ်...

အိမ်ရှေ့စံမင်းသမီးသည် ခရမ်းနုရောင်ဝတ်ရုံလေးဖြင့် သာယာလှသောမနက်ခင်းအစောတွင် အတော်ကိုလှပတင့်တယ်နေခဲ့သော ကချေသည်လေးကိုကြည့်ရင်း အရောင်အသွေးစုံလင်လှသောအပြုံးတခုကိုဆင်မြန်းပြီးတဲ့နောက်......

Ni: ငြင်းပါ...အဲ့ကလေးကို မျှော်
လင့်ချက်သေးသေးလေးတောင်မထားနိုင်တော့လောက်တဲ့အထိ ယောင်းဘက်က ငြင်းပေးပါ...

ယောင်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေသည် ဒူးထောက်စကားပြောနေရင်းမှ မသိမသာ ဆုပ်သွားကာ အိမ်ရှေ့စံမင်းသမီးကိမရဲတရဲမော့်ကြည့်လာခဲ့သည်....

ချစ်တာ...ချစ်တာတွေများလေ မာန်မာနနဲ့ လိုချင်တာကိုရအောင်ယူတတ်သော အနိုင်ပိုင်းတတ်သော
အဆိပ်သိပ်ပြင်းလှပါသော ဒီဧကရာဇ်လောင်းကိုလေ ဒီကကချေသည်လေးက ရူးမတတ်ချစ်ခဲ့ရတာတွေကိုလေ ဘယ်လိုသုံးနှုန်းပြရမှန်းတောင်မသိခဲ့ဘူး....။

ဘာကြောင့်ငြင်းဆိုခိုင်းရတာလည်း
ယောင်းသိပ်သိတာပေါ့..
Li သခင်မလေး အတွက ချစ်ခြင်းမုန်းခြင်း အလျင်းမရှိသဖြင့် ငြင်းငြင်း လက်ခံ ဘာမှမထူးခြားပင်မယ့် အိမ်ရှေ့စံမင်းသမီးက ဒီနိုင်ငံရဲ့ ဧကရဇ်လောင်း က ယောင်းလို ကချေသည်ကို တကူးတက ခေါ်ဆောင်ပြီး သခင်မလေးကို တန်ဖို့သိပ်ထားကာ လက်မလွတ်နိုင်ဖြစ်နေပုံသည် နှလုံးသားထံဆူးအောင့်နေအောင်နာကာ ဝမ်းနည်းစိတ်တွေကိုဖြစ်ပေါ်လာစေသည်....

Young: အမိန့်အတိုင်းပါ အိမ်ရှေ့စံမင်းသမီး....ကျွန်မ..li သခင်မလေးကို တသတ်လုံးစာ အပြီးအပြတ် ဖြစ်အောင် ပြတ်ပြတ်သားသားငြင်းလိုက်ပါ့မယ်...အဲ့အစား  ညတိုင်းအေး
ချမ်းစွာအိပ်စက်ပြီး စိတ်ချမ်းသာစွာနေပေးပါ....

Ni: ယောင်းက သိပ်လိမ္မာတာဘဲ...

ပထမဆုံးဘဲ အိမ်ရှေ့စံမင်းသမီးဟာ သူ့ကိုကြည်ကြည်လင်လင်
ကြည့်ပြီး ယောင်း လို့ သာသာကြည်ကြည်ခေါ်ခဲ့တာ...။သတိလက်လွတ် အိမ်ရှေ့စံမင်းသမီးကို ယောင်း ရွန်းလဲ့နေသောမျက်ဝန်းတွေဖြင့် ကြည့်လိုက်မိတော့...ရေပြင်ညီလို ခပ်အေးအေးမျက်လုံးတွေနဲ့ပြန်ကြည့်လာတဲ့မင်းသမီး.....

Last Tear (Season 1)Where stories live. Discover now