Ep.31

1.3K 149 25
                                    

မပိုင်ဆိုင်ရလည်း ချစ်တယ်ဆိုတာ
အလကားပြောတာ သခင်မရဲ့....

ကိုယ်မဟုတ်တဲ့တခြားလူတွေနဲ့သူပျော်နေတာတွေ့ရင် အနည်းဆုံးတော့ မျက်ရည်ဝဲရတဲ့သူတွေချည်းဘဲ....

ဒါဆို ကိယ်မဟုတ်တဲ့တခြားလူကြောင့်နဲ့သူမျက်ရည်ကျရင်ကော...

သခင်မမျက်ရည်တစက်ကျရင် ဒီကလူကပိုနာကျင်ရသူပါ...အမြဲနာကျင်ရလွန်းလို့လည်း နှလုံးသားကထုံတောင်ထုံနေခဲ့ပြီ....

သခင်မလေးကိုသတ်ပစ်ဖို့ကျမအကြိမ်ကြိမ် ညအိပ်မဝင်ခင်တွေးဖူးတယ်သိလား သခင်မ...

သူပျောက်သွားတုန်းကတောင် ရှင်အရမ်းငိုနေခဲ့တာ...သခင်မလေးသာသေသွားခဲ့ရင် ဆိုတဲ့အတွေးမျိုးကို ကျမမတွေးရဲ့ဘူး...ကျမဘုရင်မလေးနာကျင်မှာကို ကမ္ဘာပြိုမှာထိ ကျမကြောက်တယ်လို့ ပြောရင် ယုံ!!....

ဒီနေ့ မင်းသား jong in ရဲ့ကြင်ယာတော် မွေးနေ့ပွဲဖြစ်တာမလို့...နန်းတွင်းကချေသည်လေးတွေဟာ အစီအရီကပွဲဆင်ဖို့ပြင်ဆင်နေလျက်ရှိပါသော်လည်း...ခေါင်းဆောင်ကချေသည်ဖြစ်သော ယောင်းသည် ကြေးမုံကြီးကိုကြည့်ပြီးငြိမ်နေခဲ့သည်....

"သခင်မအတွက် ဝတ်ရုံတွေအဆင်သင့်ဖြစ်ပါပြီ "

အလိုက်သင့်ပြုံးပြပြီးခေါင်းငြိမ့်လိုက်တယ်...ဒီနေ့သခင်မကပွဲစီစဥ်တဲ့ ဘုရင်မကြီးအဖြစ် ပုလ္လင်ပေါ်မှာဝင့်ထယ်စွာထိုင်နေမည်မဟုတ်လား...ပုလ္လင်မှာထိုင်နေတဲ့ ဘုရင်မကို ခစားမယ့်ကချေသည်လေးက လှပနေမှဖြစ်မှာပေါ့....

ယောင်းကို တချို့တွေကပြောကြတယ်...မမှီနိုင်တဲ့ပန်းကိုမှလှမ်းတဲ့သူတဲ့....စမ်းလို့မမိတဲ့ကြယ်ကိုမှ ပူဆာတဲ့သူတဲ့လေ....ယောင်း ကိုအချစ်ကြီးကြတယ်လို့ထင်တယ်မလား......ဟင့်အင်း... ယောင်းကသိပ်ပူလောင်လွန်းတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတဲ့သူ....

သိပ်ပူလောင်လွန်းမှန်းသိသိရက်နဲ့...
နာကျင်ရမယ်မှန်းသိရက်နဲ့....နိုင်ငံဘုရင်မကိုမှ ချစ်ခဲ့တဲ့ ကချေသည်လေးရဲ့ဇာတ်လမ်းကို အခါသင့်ရင် အစအဆုံးကိုသူတို့အကြောင်းကြီးဖန်တီးလိုက်ချင်ပါရဲ့......

Last Tear (Season 1)Where stories live. Discover now