Ep.19

1.2K 135 25
                                    

"Li သခင်မလေးကို ကျွန်မချစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဘဲငြင်းပါရစေ...
ကျွန်မ ငြင်းဆိုတယ်ဆိုတာ ကျွန်မလိုအဆင့်အတန်းမျိုးနဲ့ သိပ်ကိုရယ်မောစရာကောင်းလွန်းတယ်ဆိုပင်မယ့် မချစ်နိုင်တဲ့နှလုံးသားကိုတော့ ကျွန်တော်မျိုးမလည်းဘယ်လိုမှမတတ်နိုင်ပါဘူး နှလုံးသားအတွက် ခွင့်လွတ်ပေးပါ သခင်မလေး"

ဟား!!! ဟား!!! ဟား!!!

Ni: အဲ့အတိုင်းမငြင်းခံလိုက်ရတာဘဲလား...အားရမိလိုက်တာ...ကြင်ယာတော်က စကားလုံးတွေကိုအသေအချာမှတ်သားလာတာဘဲ ပြောပါအုန်း အဲ့အချိန် LiLi Ban မျက်နှာဘယ်လိုဖြစ်နေတယ်ဆိုတာ...

အိမ်ရှေ့စံမင်းသမီးဟာ ကြင်ယာတော်မင်းသားကို ကြင်ယာအဖြစ်စမြှောက်ပင့်ပါကတည်းက မျက်နှာကိုပင်စေ့စေ့မကြည့်ခဲ့ပင်မယ့် ဒီနေ့သတင်းကို စပ်စပ်စုစု ယောကျာ်းသားဖြစ်ပြီး ကြားလာတာတွေကို လာပြောပြနေတာကြောင့် အထူးသဘောကျနေလျက်ရှိသည်....ကြင်ယာတော်ကိုယ်တိုင်ကလည်း အိမ်ရှေ့စံမင်းသမီးကို လက်လျော့ထားရကာ လက်ရှိမိမိရဲ့ကြင်ယာတော်နေရာမပျောက်ရှသွားအောင် မင်းသမီးရဲ့အလိုလိုက်အကြိုက်ဆောင်နေရတာပေါ့....

"ငိုချတော့မလိုပါဘဲ....မင်းသမီး"

Ni:ဟား....ငိုချပစ်လိုက်ရမှာ...ကြည့်ချင်မိတယ် တကယ်ကိုဘဲ မျက်နှာချင်းဆိုင်ကြည့်ချင်မိတယ် ဘာမဟုတ်တဲ့ ကချေသည်လေးကတောင် ဘောင်မသွင်းတဲ့ သူ့မျက်နှာကိုကြည့်ကြည့်ပြီးတော့ကို ရယ်နေချင်တာ...

" ကချေသည်ယောင်းက အမှန်တကယ်ကိုပြတ်သားလွန်းပါတယ် သူ့အနေနဲ့ အမတ်ကြီးရဲ့သမီးကို ငြင်းဆိုစရာအကြောင်းမှမရှိတာ အခန့်မသင့်ရင် အမတ်ကြီးချွေးမတော်တောင်ဖြစ်လာနိုင်တယ်"

Ni: မငြင်းဆိုရင်လည်း သူအသက်ဘယ်ရှင်ပါ့မလည်း သေရည်သောက်ပါအုန်းလား မင်းသား

အိမ်ရှေ့စံမင်းသမီးသည် ကြင်ယာတော်မင်းသားအား သေရည်ငှဲ့ပေးကာ ရွှင်မြူးနေခဲ့သည်...

အိမ်ရှေ့စံမင်းသမီးရဲ့နန်းဆောင်ထဲက တိုးကြိတ်ကြိတ်စကားတချို့နဲ့ လှောင်ရယ်သံတွေသာပြည့်နှက်နေခဲ့သည်.....

Last Tear (Season 1)Where stories live. Discover now