Ep.12

1.5K 145 13
                                    

ကျိန်းစပ်နေတဲ့ မျက်လုံးကို လက်နဲ့အသာဖိပွတ်ရင်း အားပါပါသန်းခိလိုက်တယ် မမှေးစက်ရသေးဘူး သူတရေးတောင် မမှေးရသေးဘဲ ဒီအိမ်တော်ရှေ့မှာထိုင်နေခဲ့တာအတော်ကြာပြီ...

မုန့်အချိုတွေကတော့ နဂိုကတည်းကမကြိုက်နှစ်သက်တဲ့သူမလို့ မသုံးဆောင်ပင်မယ့် ရှေ့က လက်ဖက်ရည်ကြွေအိုးကတော့ ဗလာလေးဖြစ်နေရှာပြီ နှင်းစက်တွေဆိုနေဝတ်ရုံကို တချက်နှစ်ချက်လောက်ပုပ်ခါရင်း အိမ်တော်ထဲဝင်ဖို့ပြင်တော့ ဖခင်ဖြစ်သူနဲ့ တည့်တည့်တိုးပါလေရဲ့....

"တညလုံးအနားမယူထားဘူးလား ဝက်ဝံနဲ့ နင်လားငါလားဘဲ"

ခါးကိုညွန့်ခါ ဂါရဝပြုခဲ့လိုက်ပြီး ရေချိုးဆောင်ထဲဝင်သွားတဲ့ သမီးဖြစ်သူကိုကြည့်ရင်း အမတ်ကြီးတယောက်ခေါင်းခါမိတယ်....

အပြာရင့်ရောင်နဲ့ ခဲဖျော့ရောင်ဝတ်ရုံကိုအဆင်ပြေပြေဝတ်ဆင်လိုက်ပြီးတဲ့နောက် မျက်တောင်လေးတွေတဖျတ်ဖျတ်ခတ်ကာ ခေါင်းကိုအသာနှိပ်နယ်ရင်း အိမ်တော်ရှေ့ကိုထွက်လာခဲ့တယ်....

အမိန့်စာရွက်ကြီးကိုကိုင်ပြီး အော်ဟန်ပြုနေတဲ့ ကုန်းကုန်းဟာ သခင်မလေးထွက်လာတာကိုမြင်တွေ့ပြီး ဒူးထောက်ကာခစားနေလျက်....

အရာအားလုံးကပုံမှန်ပါဘဲ ပုံမှန်မဟုတ်တာကသခင်မလေး ရွှေနန်းတော်မှာရှိနေမယ့် ချစ်ရသူကိုတွေ့မြင်ရဖို့ရာ မစောင့်နိုင်လေဘဲ တမှေးတောင်ပြန်မမှေးဘဲ စောစောစီးစီး ပြင်ဆင်ထားခဲ့ရသည်...

သူမလေးက ဂျိုဆွန်းက ကချေသည်လေးဖြစ်သွားခဲ့ပြီမလား နေ့တိုင်းမမြင်ချင်မှအဆုံး တွေ့မြင်နေရမည်ဆိုသော်ငြားလည်း သူ့အကြောင်းတွေးတာနဲ့ကနာမငြိမ်တဲ့ နှလုံးသားကြောင့် မင်းသမီးကို မခစားရခင်သူ့ကိုတွေ့မြင်ရမှကိုဖြစ်မည်...

နန်းတော်ထဲခြေချတာနဲ့ အလောတကြီးထွက်သွားလေသော သခင်မလေးနောက်ကို ကုန်းကုန်းအပါအဝင် ကိုယ်ရံတော်နဲ့စစ်သည်တွေပါအပြေးလိုက်လာခဲ့၏ မင်းသမီးစောင့်တော်မှုနေမှာကို သခင်မလေးက ဒီအနောက်ဘက်နန်းဆောင်ကို ဘာအရေးကိစ္စဖြင့် ဆိုပြီး အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့်.....

Last Tear (Season 1)Where stories live. Discover now