လေစိမ်းတွေတဖြူးဖြူးတိုက်နေတဲ့ တောအလယ်မှာ စခန်းချဖို့ရာ တဲနန်းကို ခက်ခက်ခဲခဲတည်ဆောက်နေကြရတယ်...
Young: ရာသီဥတု ကအတော်ကိုကြမ်းတမ်းတာဘဲ သတိထားလုပ်ဆောင်ကြပါ...
မြင်းခွာသံတသဲသဲဖြင့် အနီးကပ်လာတဲ့ အရိပ်အယောင်ကြောင့် စစ်သည်တွေဟာ ယောင်းအနားကိုတိုးကပ်လာကြကာ ဓါးကိုယ်စီထုတ်ထားကြပြီး...
"ကိုယ်ရံတော်လင်းဘဲ ဂါရဝပြုကြ"
အကုန်ဒူးထောက်ကာ ဂါရဝပြုကြတယ်...
"မင်းတို့ မနက်မိုးမသောက်ခင် နန်းတော်ကိုပြန်ရောက်အောင်ခရီးနှင်လာကြရမယ်.."
Young: ဒါပေမဲ့ နယ်စပ်နန်းတော်ကိုသွားဖို့အမိန့်စာ....
"မင်းသမီးရဲ့အမိန့်ဘဲ မိုးမသောက်ခင် ပြန်မရောက်တဲ့ ကချေသည်တွေအားလုံး သေဒဏ်ကျခံရမယ်"
ပြောချင်ရာပြောပြီး ထွက်သွားတဲ့ ထိုကိုယ်ရံတော်ရဲ့စကားကြောင့် ပစ္စည်းပစ္စရ တွေကောက်သိမ်းကာ နန်းတော်သို့မြန်မြန်ချီတက်လာကြရတယ်....
.
.
.
.
.
.................."
မြို့တော်ထဲကို မြင်းကိုချည်ထားတဲ့ကြိုးဆွဲရင်း ယိုင်တိယိုင်တိုင် ခြေလှမ်းတွေဖြင့် အိမ်တော်ကိုပြန်လာသော သခင်မလေးရဲ့ပုံစံသည် အကျဉ်းထောင်က ထွက်ပြေးလာသော အကျဉ်းသားနှင့်အဆင်တူတာမလို့ ပြည်သူတွေဟာ သူ့အနားကကပ်မသွားရဲကြ...နခမ်းတွေလည်းခြောက်သွေ့နေပြီ မြင်ကွင်းတွေကလည်းနှစ်ထပ်ဖြစ်နေပြီ လမ်းကဆက်လျှောက်နေရတုန်းဘဲ Ryan ကိုသာခေါ်ဆောင်လာခဲ့ရင် ကျောပေါ်အိပ်စီးလာရင်တောင် အိမ်တော်အရောက်ပြန်ပို့နိုင်ပင်မယ့် ဒီမြင်းကြောင့် လမ်းဆင်းလျှောက်နေရတဲ့အဖြစ်...
အိမ်တော်အဝတံခါးကို အားအကုန်ဖြင့်တွန်းဖွင့်လိုက်ပြီး တယိမ်းတယိုင်ဖြင့် ဝင်လာသောသခင်မလေးဆီသို့ ဘန်းဟာ အပြေးရောက်လာခဲ့တယ်...
"ဘယ်လိုဖြစ်လာရတာလည်း.."
Li: နောက်မှငါပြောပြမယ်...ငါ့အိပ်ဆောင်ကိုခေါ်သွားပေး မေမေ မသိစေနဲ့...
သခင်မလေးစကားကြောင့် ဘန်းမှာအခက်တွေ့ရပါပြီ မေမေသခင်မကြီးမတွေ့အောင် အနောက်တံခါးရပ်က တိတ်တဆိတ်ခေါ်လာရပြီး သလွန်ပေါ်ပစ်ချလိုက်ရတယ်....
YOU ARE READING
Last Tear (Season 1)