Chapter - 1

24.1K 951 24
                                    

Xu Ping (ရွှီဖျင်) ရဲ့ အဖေ ကွယ်လွန်သွားတယ်။

.
.

သူက လည်ချောင်းကင်ဆာရောဂါ ခံစားနေရတာဖြစ်ပြီး ရောဂါအခြေအနေဆိုးမှ ရောဂါကို သိရှိခဲ့တာဖြစ်တယ်။ ခွဲစိတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာရှည်ခဲ့တယ်။ ခွဲစိတ်ဆရာဝန်က လည်‌ပင်းပေါ် ဓားတင်ခွဲပြီးတာနဲ့ ဘေးပတ်လည်ကို ကြည့်ပြီး ချက်ချင်းပြန်ပိတ်လိုက်တယ်။ ကင်ဆာဆဲလ်တွေက အဆုတ်နှစ်ဖက်နဲ့ နှာခေါင်းထဲထိ ပျံ့နှံ့နေခဲ့ပြီးပြီ။ ကင်ဆာဆဲလ်တွေပြန့်နေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ အသက်ရှင်စေဖို့အတွက် နည်းလမ်းတစ်ခု မဖြစ်နိုင်တော့ဘူး... ဒီလိုခွဲစိတ်မှုပြီးရင် လူနာက ခပ်ကြာကြာခံနိုင်မှာတောင် မဟုတ်ဘူး။

ဆရာဝန်က သူ့ရဲ့ mask ကို ချွတ်လိုက်ပြီး အပြင်မှာထိုင်စောင့်နေတဲ့ Xu Ping ကို "စိတ်မကောင်းပါဘူး" လို့ ပြောတယ်။

ဒီစကားလုံးတွေကို နားလည်သွားဖို့ သူ ခဏလောက် အချိန်ယူခဲ့ရတယ်။ သူက ရလာဒ်ကို တည်တည်ငြိမ်ငြိမ်ပဲ လက်ခံတယ်။

"သူ့မှာ အချိန်ဘယ်လောက် ကျန်သေးလဲ?"

ဆရာဝန်က သူ့ရဲ့ အေးဆေးတဲ့အမူအရာကြောင့် အံ့ဩသွားတယ်။

"အလွန်ဆုံး ခြောက်လပဲ"

မျက်တောင်တစ်ချက်တောင်မခတ်ပဲနဲ့ လူနာတစ်ယောက်ရဲ့ သေဆုံးမှုကို သူ့မိသားစုဆီ ပြောပြနိုင်ဖို့ ကင်ဆာခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ တစ်နှစ်ကို သေဆုံးမှုတွေ ဘယ်လောက်များကြုံတွေ့ခဲ့ရလဲဆိုတာ သိချင်စိတ်ဖြစ်မိသား။ သူ့ရဲ့ ကျိုးကြောင်းလျော်ညီတဲ့အခြမ်းက ဒီလူဟာ ဆရာဝန်ဖြစ်ပြီး သူ့အဖေရဲ့နာမကျန်းမှုကို သူစိမ်းတစ်ယောက်ဆီ အပြစ်ပုံမချသင့်ဘူးလို့ ပြောနေပေမယ့်လည်း သူ့ရဲ့ ခံစားလွယ်တဲ့အခြမ်းကတော့ ဒီသတင်းဆိုးသယ်ဆောင်လာသူကို မမုန်းပဲမနေနိုင်ဘူး။

နှစ်ယောက်သားအသံမထွက်ပဲ ရပ်နေမိကြတယ်။

နောက်တော့ ဆရာဝန်ကပဲ အနေရခက်စရာကောင်းတဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။

"နောက်ထပ်ကြည့်စရာလူနာတွေရှိလို့ ကျွန်တော့်ကို ခွင့်ပြုပါဦး"

BrotherWhere stories live. Discover now