Chapter - 44

4.7K 372 10
                                    

In the distance were only the wild flowers amassed by death
The moon hung high and bright, a mirror over the millennia
The sound of my music cried but without sound
Alone, I rode through the prairie.

_ Hai Zi, September

ဧည့်ခန်းထဲက တယ်လီဖုန်းက အကြာကြီးဆက်တိုက်မြည်နေပြီး နောက်ဆုံးတော့ "တီ" ဆိုတဲ့ အသံကျယ်ကျယ်နောက်မှာ voice mail အဖြစ် ပြောင်းလဲသွားတယ်။ နေက ကောင်းကင်ပေါ်က ခပ်မြင့်မြင့်နေရာမှာ ရောက်ရှိနေပြီး ပြတင်းပေါက်မှန်တွေကနေတဆင့် အခန်းထဲကို နေရောင်ဖြာကျနေတယ်။

Xu Ping ရဲ့ မျက်တောင်တွေက ရွှေရောင်အလင်းအောက်မှာ တဖျတ်ဖျတ်လှုပ်ခတ်လာတယ်။ မျက်မှောင်ကျုံ့ရင်းနဲ့ မျက်လုံးတွေ ပွင့်လာပြီး နေရောင်ကို ကာဖို့ လက်မောင်းတစ်ဖက်ကို မြှောက်လိုက်တယ်။

သူ့ညီလေးက သူ့နံဘေးမှာ ဘေးတစောင်း အိပ်မောကျနေလေရဲ့။ ခါးပေါ်က စောင်ရှိနေတဲ့နေရာကလွဲရင် တစ်ကိုယ်လုံးမှာ အဝတ်ကပ်မနေပဲ လက်တစ်ဖက်ကတော့ Xu Ping ကို ဖက်ထားတယ်။

Xu Ping က သူ့ကိုယ်ပေါ်ကလက်ကို ဖြေးဖြေးချင်း ဖယ်လိုက်ပြီး ထ ထိုင်ဖို့ ကြိုးစားတယ်။

သူ့တစ်ကိုယ်လုံးမှာ နာမနေတဲ့နေရာဆိုတာ မရှိဘူး။ အရိုးတွေကလည်း ထိုင်ချလိုက်တာနဲ့ ကျိုးသွားတော့မယ့် ကုလားထိုင်အဟောင်းတစ်လုံးလို ပျော့ဖတ်နေတယ်။

သူက ကုတင်ပေါ်မှာထိုင်ရင်း ငေးငိုင်နေလိုက်တာ နေရောင်ကြောင့် သူ့အသားတွေ စူးလာတဲ့အထိပဲ။

သူက သူ့မျက်နှာကို လက်ဖဝါးတွေကြားမှာ မြှုပ်လိုက်တော့တယ်။

မနေ့ညရဲ့နောက်ပိုင်းအဖြစ်အပျက်တွေက အပူချိန်နဲ့တွေ့ထားတဲ့ကတ်ဆက်တိတ်တစ်ခွေလို မှုန်ဝါးနေတယ်။ ပထမဆုံးအကြိမ် အထွဋ်အထိပ်ကိုရောက်တဲ့အထိ သူ့ညီလေးလုပ်တာကို ခံရပြီးတဲ့အချိန်တုန်းက ဆေးခြောက်ရှူလိုက်ရသလို ပေါ့ပါးပြီး မြောလွင့်သွားတယ်။ ပြဿနာအားလုံး၊ နာကျင်မှုအားလုံး၊ အနာဂတ်၊ ကြုံတွေ့ရမယ့်ကံကြမ္မာနဲ့ပတ်သတ်ပြီးကြောက်ရွံ့ရခြင်းအားလုံးက စွန့်ထုတ်လိုက်တဲ့ သုတ်ရည်ပျစ်ပျစ်တွေနဲ့အတူ ပျောက်ကွယ်သွားကြတယ်။ ဘယ်အရာကမှ အရေးမကြီးတော့ဘူး။ အသက်ရှင်ခြင်းဖြစ်စေ၊ သေဆုံးခြင်းဖြစ်စေ... အဲ့ဒါတွေက တခြား လောကတစ်ခုမှာရှိနေတဲ့ ဝိညာဉ်တစ်ကောင်လို ထိတွေ့နိုင်ဖို့ရာ အလှမ်းဝေးကွာလွန်းတယ်။ တစ်ခုတည်းသောအရေးပါတဲ့အရာက လက်ရှိပစ္စုပ္ပန်ပဲ။

BrotherWhere stories live. Discover now