Chapter - 46

3.8K 397 14
                                    

And I shall have some peace there, for peace comes dropping slow,
Dropping from the veils of the morning to where the cricket sings;
There midnight's all a glimmer, and noon a purple glow,
And evening full of the linnet's wings.

_ William Butler Yeats, The Lake Isle of Innisfree

ဆေးရုံရဲ့ အဓိကဝင်ပေါက်ကနေ သူ ပြန်ထွက်လာတဲ့အချိန်မှာ စူးရှလွန်းတဲ့ မွန်းတည့်နေကြောင့် မျက်လုံးတွေမဖွင့်နိုင်လောက်အောင်ပဲ။ အပြင်ပလက်ဖောင်းဘေးမှာ taxi တွေ တန်းစီ ရပ်ထားကြတယ်။ သတ်လတ်ပိုင်း taxi driver တစ်ယောက်က ခေါင်းထုတ်လာပြီး ဟွန်းတီးတယ်။

"ကားငှားဦးမလား ဆရာ?!"

Xu Ping ကတော့ အော်မေးနေတဲ့အသံကို ကြားတဲ့ပုံ မပေါ်ဘူး။ ခေါင်းငိုက်စိုက်ချထားရင်း လှေကားပေါ်က ဆင်းအလာမှာ တစ်ထစ်ကျော်ပြီး ခြေချမိတယ်။

သူ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားတဲ့ပုံစံက အမှန်တကယ် ရယ်ချင်စရာကောင်းတယ်... လူတချို့ဆီက ရယ်သံတွေ ထွက်လာတယ်။

Xu Ping ကတော့ ပတ်ဝန်းကျင်ကို အာရုံမရှိပဲ ဖြေးဖြေးချင်း ကြိုးစားပြီး ထ ရပ်တယ်။ ကပ်ငြိလာတဲ့ဖုန်တွေကိုခါချရင်း ဘေးနားမှာ ပြုတ်ကျနေတဲ့ လက်ဆွဲအိတ်ကို ကောက်တယ်။ ဖိနပ်တစ်ဖက်ကတော့ အနီးနားမှာ ရှိမနေဘူး။

နောက်ဆုံးတော့ ခြုံတွေကြားထဲ ရောက်နေတဲ့ ဖိနပ်ကို ရှာတွေ့သွားတယ်။

ဖိနပ်ရဲ့ ထိပ်က ကွဲသွားတာမို့ သူလမ်းလျှောက်လိုက်တိုင်း အထဲက အနက်ရောင်ခြေအိတ်ကို မြင်နေရတယ်။

ခုနက အော်ခေါ်ခဲ့တဲ့ taxi သမားက ပါးစပ်ကို ပိတ်လိုက်ပြီး ကားထဲဝင်လို့ ဖတ်လက်စသတင်းစာကိုပဲ ပြန်ဖတ်နေလိုက်တယ်။ မကြာခင်မှာပဲ ဆေးရုံထဲက ထွက်လာတဲ့ သားအမိနှစ်ယောက်က အဲ့ဒီကားပေါ်တက်သွားကြပြီး ဖွက်ချက် ဖွတ်ချက် အင်ဂျင်သံနဲ့အတူ မြို့ရဲ့ ကားတန်းရှည်ကြီးထဲ တိုးဝင်သွားကြတော့တယ်။

Xu Ping က လမ်းချိုးထဲ ကားဝင်ရောက်ပျောက်ကွယ်သွားတာကို ကြည့်နေပြီးမှ နောက်ကို လှည့်တယ်။

ဖိနပ်အကွဲတစ်ရံနဲ့ ခြေဦးတည့်ရာကို ဦးတည်ရာမရှိ လျှောက်တယ်။ သူလျှောက်လိုက်တိုင်း ဘယ်ဖက်ဖိနပ်ရဲ့ထိပ်က မိချောင်းပါးစပ်လိုမျိုး ဟလာနေတယ်။

BrotherWhere stories live. Discover now