Chapter - 20

2.7K 444 13
                                    

The time that my journey takes is long and the way of it long.

_ Rabindranath Tagore, Gitanjali

"ငါဟာ မြောက်ပိုင်းက ဝံပုလွေလေးတစ်ကောင်ပါ... အဆုံးအစမရှိ ဦးတည်ရာမဲ့ လေလွင့်နေရင်း; အေးခိုက်နေတဲ့ လေပြင်းအော်သံတွေနဲ့ သဲမုန်တိုင်းက တိုက်ခတ်လာနေပြီ..."

သီချင်းသံကြောင့် Xu Ping က ခုံပေါ်အိပ်နေရာကနေ လန့်နိုးလာပြီး မတ်မတ်ထိုင်မိသွားတယ်။

အတန်းထဲက ကောင်လေးတချို့က ထောင့်ကခုံမှာ စုပြီး ကက်ဆက်တစ်ခုနဲ့ Chyi Chin ရဲ့ "ဝံပုလွေ" ကို နားထောင်နေကြတယ်။

အခုက ခဏနားချိန်ဖြစ်တယ်။ ခုံတွေတိုင်းမှာ စာအုပ်တွေ၊ မေးခွန်းလွှာတွေနဲ့ ပြည့်နေတယ်။ စင်ပေါ်ကနေကြည့်မယ်ဆိုရင် စာရွက်တွေနဲ့ ဆောက်ထားတဲ့ ခံတပ်နဲ့တောင် တူနေလိမ့်မယ်ထင်တယ်။ စီနီယာအထက်တန်းနောက်ဆုံးနှစ်ကစာတွေက ခက်ခဲများပြားပြီး ကျောင်းသားတွေက ဒီနားချိန်လေးမှာ သူတို့ရဲ့ စာအုပ်ခံတပ်ကနေ ခဏတဖြုတ် အနားယူနေကြတယ်။

"Xu Ping... အတန်းပိုင်က သူ့ရုံးခန်းက်ို လာခဲ့ပါတဲ့"

Xu Ping က မတ်တပ်ထရပ်လိုက်ပြီး မျက်နှာကို ပွတ်လိုက်တယ်။

~

သစ်သားရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ဆရာမ Li ကို ထောင့်ကခုံမှာထိုင်ပြီး မနေ့က အဖြေလွှာတွေ စစ်နေတာ တွေ့ရတယ်။

"ကျွန်တော့်ကို ရှာနေတာလား Mrs. Li?"

Li Xiuyun က ဘောပင်ကိုမရပ်ပဲ မျက်မှန်ကို ပင့်တင်လိုက်တယ်။

"ဟုတ်တယ်"

သူက စာရွက်တွေကို တစ်ရွက်ချင်းလှန်ပြီး အနှုတ်တွေကို ရေတယ်၊ ပြီးတော့ ပထမဆုံးစာမျက်နှာပေါ်မှာ မှင်နီနဲ့ "၇၆" လို့ ရေးပြီး အောက်ကနေ မျည်း ၂ ကြောင်း ထည့်လိုက်တယ်။

ပြီးတော့မှ ဘောပင်ကိုချပြီး စာရွက်ပုံထဲက Xu Ping ရဲ့ အဖြေလွှာကို ရှာတယ်။ အဖြေလွှာကိုတွေ့တော့ ရှေ့မှာချလိုက်ပြီး လက်ညှိုးနဲ့ ထောက်ပြတယ်။

"မင်း ဘာဖြစ်နေတာလဲ? ဘာလို့ ဒီလို ကလေးကလားအမှားမျိုးလုပ်ရတာလဲ?"

BrotherWhere stories live. Discover now