Chapter - 9

2.8K 482 28
                                    

I do not seek to walk in a comfortable path, nor do I seek light burdens; but I seek strength and perseverance to climb the rocky road.

_ Martin Luther King

Xu Ping က အိပ်ယာပေါ်မှာ တစ်‌ယောက်ထဲ အိပ်ပျော်သွားခဲ့တယ်။

အခန်းထဲမှာ တစ်ယောက်အိပ်ကုတင်လေး ၂ လုံးက ကပ်လျက်သား တည်ရှိနေတယ်။ ဆောင်းတွင်းရောက်ပြီဆိုရင် အဖေက ကုတင် ၂ လုံးကို ကပ်ပေးလိုက်တယ်။ ချမ်းအေးတဲ့ဆောင်းညတွေမှာဆိုရင် ညီအကိုနှစ်ယောက်က ကုတင်တစ်လုံးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေအောင်ဖက်ထားပြီး နွေးထွေးစေတယ်။

Xu Ping ရဲ့ သွေးလည်ပတ်မှုက သိပ်မကောင်းဘူး။ သူ့ရဲ့ ခြေဖျား၊ လက်ဖျားတွေက ဆောင်းတွင်းဆို အေးစက်နေတတ်တယ်။ Xu Zheng ကတော့ ခန္ဓာကိုယ်သေးသေးလေးပေမယ့် အပူတွေ ထုတ်ပေးနေတဲ့ မီးဖိုလေးလိုပဲ။

မြောက်ပိုင်းရဲ့ဆောင်းတွင်းက နှင်းကျတဲ့ တချို့ညတွေဆိုရင် မီးသွေးမီးဖို ဖိုထားတာတောင် အခန်းက နည်းနည်းမှ နွေးမလာတတ်တာလည်း ရှိတယ်။ အဝတ်အစားတွေချွတ်ပြီး အေးစက်စက်ကုတင်ပေါ်တက်လိုက်တဲ့အချိန်ဆို အကြော်အိုးထဲရောက်နေတဲ့ငါးလိုမျိုး တုန်တုန်ယင်ယင်နဲ့ ခုန်မနေမိအောင် မနည်းကို ကြိုးစားရတယ်။

အဲ့လိုအချိန်မျိုးရောက်တိုင်း Xu Ping က အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး Xu Zheng ကြောင့် စောင်နွေးသွားမယ့်အချိန်ထိ စောင့်နေတတ်တယ်။ နွေးသွားလောက်ပြီဆိုရင် သူက စောင်ကို မြန်မြန်လှပ်၊ စောင်ထဲတိုးဝင်ပြီး သူ့ညီလေးကို တင်းတင်းကြပ်ကြပ်ဖက်ပစ်လိုက်တော့တာပဲ။

အိပ်ပျော်နေရာကနေနိုးသွားရင်တောင်မှ Xu Zheng က တစ်ခါမှ မငြီးငြူဖူးဘူး။ အိပ်ချင်မူးတူးမျက်လုံးလေးတွေနဲ့ လှည့်လာပြီး သူ့ထက်ခေါင်းတစ်လုံးစာလောက်မြင့်တဲ့ အကိုကို သူ့လက်မောင်း‌လေးတွေကြားထည့်လို့ ပွေ့ဖက်ထားပေးတတ်တယ်။

အမြဲတမ်း Xu Ping က သူ့ကို မေးတယ်။

"အေးလား?"

Xu Zheng က ရိုးရိုးသားသား ခေါင်းငြိမ့်ပြပြီး သူ့အကိုရဲ့ အေးစက်နေတဲ့ လက်တွေကို သူ့ရဲ့အနွေးအင်္ကျီထဲကို ထည့်ထားပေးလိုက်တယ်။

BrotherWhere stories live. Discover now