Chapter - 8

2.8K 468 35
                                    

All the stars will be wells with rusty reels, and all the stars will pour water for me to drink...

_ The Little Prince

အရေးကြီးတဲ့ တစ်စုံတစ်ရာကို ဆုံးရှုံးဖူးကြသလား?

အဲ့ဒီအရာဟာ ဒီကမ္ဘာပေါ်က တစ်နေရာရာမှာ တည်ရှိနေသေးမှန်းသိပေမယ့် မင်းတို့ရဲ့ လမ်းကြောင်းတွေက မဆုံဖြစ်ကြရမယ့် ကံကြမ္မာမို့ ဘယ်တော့မှ ရှာလို့ မတွေ့တော့တာမျိုးလေ။ မင်း ငိုကြွေးမယ်၊ ဝမ်းနည်းပူဆွေးမယ်၊ ဒေါသတွေ ထွက်မယ်... ဒါပေမယ့် ဆုံးရှုံးသွားပြီးတဲ့အရာကတော့ ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

လူကြီးတွေက ကလေးတွေကို မိုက်မဲတယ်လို့ ထင်ကြတယ်။ ကလေးတွေရဲ့ ငိုကြွေးမှုက အတုအယောင်တွေသာဖြစ်ပြီး ဒီလိုအပြုအမူကို ပြုပြင်ပေးရမယ်လို့ ယူဆထားကြတယ်။

ကြီးပြင်းလာရမှုရဲ့ အဖိုးအခအနေနဲ့ သူတို့က ကလေးဘဝတုန်းက ချစ်ခင်နှစ်သက်ခဲ့တဲ့အရာတွေနဲ့ ကလေးအရွယ်မှာ တကယ့်ကို ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတာတွေကို မေ့လျော့သွားခဲ့ရတယ်။

~

Xu Chuan က မီးရထား အမှတ်(၁) မူလတန်းကျောင်း၊ ဆဌမတန်း၊ တန်းခွဲ ၃ ရဲ့ အပြင်ဘက်မှာ ရပ်နေတယ်။ သူ့ရဲ့ ဆံပင်တွေက လေကြောင့် ရှုပ်ပွနေပြီး မျက်လုံးတွေကတော့ ရထားပေါ်မှာ မအိပ်ခဲ့ရတဲ့အတွက် နီရဲနေတယ်။

ခဏအနားပေးတဲ့အချိန်မို့ ပုဝါအနီလေးတွေစည်းထားတဲ့ ကလေးတွေဟာ ဟိုဒီပြေးလွှားနေကြပြီး တချို့ကလည်း စကားစုပြောနေကြတယ်။

Xu Chuan က Xu Ping တစ်ယောက် ဆူညံနေတဲ့ အတန်းထဲကနေ ထွက်လာတာကို စောင့်ကြည့်နေတယ်။ Xu Ping က သိုးမွှေး‌ဦးထုပ်ဆောင်းထားပြီး သူ့ရဲ့ စစ်စိမ်းရောင်လွယ်အိတ်ကို သယ်ထားတယ်။

"Xu Ping"

ဆရာမ Li က ပြောတယ်။

"သားအဖေက သားကို လာခေါ်တာ။ အခု အိမ်ပြန်လို့ ရပြီ"

Xu Ping က ခေါင်းငိုက်စိုက်ချထားတုန်းပဲ။

"ကျေးဇူးပါ ဆရာမ Li....

ခုတလော Xu Ping အခြေအနေ ဘယ်လိုရှိလဲ?"

"သူက ကျောင်းစာတွေမှာ ကောင်းကောင်းလုပ်တယ်။ တစ်ခုပဲ... အတန်းထဲက တခြားကျောင်းသားတစ်ယောက်နဲ့ သူနဲ့ အဆင်မပြေကြဘူး။ သူတို့ ရန်တောင် ဖြစ်ကြတယ်"

BrotherWhere stories live. Discover now