Chapter - 42

4.5K 424 26
                                    

Wild flowers bloomed on the prairie which witnessed the death of the gods

The wind in the distance was more distant than distance

The sound of my music cried but without tears

_ Hai Zi, September

Xu Ping က ညသန်းခေါင်ကျော်တဲ့ထိ အိမ်မပြန်ခဲ့ဘူး။

သော့ကိုထုတ်လိုက်ပေမယ့် သော့ပေါက်ထဲကောင်းကောင်းမထည့်နိုင်အောင်ကို သူမူးနေခဲ့ပြီ။

ကလောက်

သော့က ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ အမှောင်ထဲမှာ လက်ဖဝါးနဲ့ စမ်းတဝါးဝါးစမ်းပေမယ့်လည်း သော့ကို ရှာမတွေ့ဘူး။ နောက်တော့ သူလက်လျှော့လိုက်ပြီး ကြမ်းပေါ်ဖင်ထိုင်ချလို့ ကလေးတစ်ယောက်လို အကျယ်ကြီး ငိုရှိုက်တော့တယ်။

ခဏအကြာမှာ သူ့ညီလေးက သူ့အတွက် တံခါးဖွင့်ပေးလာတယ်။ သူ့ညီလေးရဲ့နောက်မှာ အိမ်ထဲကနေလာတဲ့ လိမ္မော်ရောင်အလင်းနွေးနွေးက ဖျော့ဖျော့လေး လင်းနေတယ်။

ကောင်လေးက လျှောက်လမ်းမှာထိုင်ချထားတဲ့ ညစ်ပတ်ပေရေနေတဲ့သူ့အကိုကို အပေါက်ဝမှာရပ်ပြီး ကြည့်နေတယ်။

တဖြေးဖြေးနဲ့ ဒူးနှစ်လုံးကြားမှာရှိနေတဲ့ Xu Ping ရဲ့ခေါင်းက အပေါ်ကို မော့လာတယ်။ မျက်နှာတစ်ပြင်လုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာပဲ။

ပြီးတော့ သူ့ညီလေးကို ပြုံးပြတယ်။

"ငါ သော့ပျောက်သွားတယ်"

သူက မျက်ရည်တွေကို သုတ်လိုက်ပြီး နံရံကို အားပြုလို့ ထရပ်ဖို့ ကြိုးစားပေမယ့် ခြေထောက်တွေက အားပျော့နေပြီး သူဖြစ်ချင်သလို ဖြစ်မလာပဲ ကြမ်းပေါ်ကို ပုံလဲကျသွားတယ်။

Xu Zheng က ကိုယ်ကိုကုန်းလိုက်ပြီး တံခါးပတ္တာနောက်နားကထောင့်မှာ ကျနေတဲ့ Xu Ping ရဲ့သော့ကို ကောက်တယ်။ ပြီးတာနဲ့ သူ့အကိုကို သူ့လက်မောင်းတွေနဲ့ မ ချီလိုက်တယ်။

Xu Ping က ရုတ်တရက် လန့်သွားပေမယ့် ခဏအကြာမှာပဲ ထိတ်လန့်မှုက ပျောက်ကွယ်သွားတယ်။ သူက သူ့ညီလေးရဲ့ လည်ပင်းကို ဖက်တွယ်လိုက်ပြီး ခေါင်းကို သူ့ညီလေးရဲ့ ပခုံးပေါ် မှီလိုက်တယ်။

Xu Zheng ရဲ့ ပခုံးတွေက အရမ်းကျယ်ပြီး လက်မောင်းတွေကလည်း ကြွက်သားတွေနဲ့ တောင့်တင်းသန်မာတယ်။

BrotherWhere stories live. Discover now