Chapter - 2

6.1K 637 11
                                    

1983

Xu Ping က ဒီနေ့ နောက်ကျမှ အတန်းဆင်းတယ်... မီးရထား အမှတ်(၁) မူလတန်းကျောင်း၊ ဆဌမတန်း၊ တန်းခွဲ ၃ ရဲ့ အတန်းအစည်းအဝေးက အချိန်ကျော်သွားလို့ပဲ။

သူပစ္စည်းတွေသိမ်းပြီး အတန်းအပြင်ကို ပြေးထွက်လိုက်တာနဲ့ Lu Jia နဲ့ တည့်တည့်တိုးတယ်။ ပုံမှန်ဆိုရင်တော့ သူတို့က ရန်ဖြစ်နေကျ... ဒါပေမယ့် ဒီနေ့တော့ အတန်းပိုင်ဆရာမ Mrs. Li က လျှောက်လမ်းမှာ ရှိနေတယ်။ Lu Jia က အထင်အမြင်သေးသလို နှာခေါင်းတစ်ချက်ရှုံ့ပြီး သူ့ကို တိုက်ချသွားတာလောက်ပဲ လုပ်နိုင်တယ်။

Lu Jia က ခုလေးတင်မှ အစည်းအဝေးမှာ ဆရာမရဲ့ အဆူခံထားရတာ။ သူက မကြာခဏ အတန်းနောက်ကျပြီး အစောဆုံးပြန်တဲ့သူဖြစ်တယ်။ ကိုယ်ပိုင်စာလေ့လာချိန်တွေမှာဆို လေပေါနေတတ်ပြီး အိမ်စာတွေကိုတောင် ကူးချတတ်တယ်။ ဆရာမက တစ်တန်းလုံးရဲ့ရှေ့မှာ သူ့အမှားတွေကို ဆင်ခြင်ဖို့ ပြောခဲ့တယ်။

Lu Jia က စင်ပေါ်ကနေဆင်းလာတုန်း Xu Ping ကို စူးစူးရဲရဲ စိုက်ကြည့်တယ်။ သူ့အကြည့်တွေက "မင်း စောင့်နေလိုက်, ရွံစရာကောင်းတဲ့ကောင်!" လို့ ပြောနေတဲ့အတိုင်းပဲ။

Xu Ping ကတော့ ဂရုစိုက်နေဖို့တောင် စိတ်ထဲမရှိဘူး။

သူက အစည်းအဝေးက ဘယ်တော့မှ ပြီးမှာလဲဆိုတာနဲ့ Xu Zheng စိတ်မရှည်ဖြစ်မှာကိုပဲ စိတ်ပူနေတယ်။

သူအိမ်ကို အပြေးပြန်နေတုန်း သူ့ကျောင်းကလူတွေ စာအုပ်ဆိုင်ရဲ့ စင်တစ်ခုရှေ့မှာ စုနေကြတာကို တွေ့လိုက်တယ်။ အဲ့တော့မှ ဒီနေ့က "Heroes of Sui and Tang" ရဲ့ ၅ အုပ်မြောက်ထွက်မယ့်နေ့ဆိုတာ သတိရသွားတယ်။ ဒါပေမယ့် အခု အဲ့ဒါကို ဝယ်ဖို့ သူ့မှာ အချိန်မရှိသေးဘူး။

သူ့လည်ပင်းမှာဆွဲထားတဲ့သော့နဲ့ အိမ်တံခါးကို ဖွင့်ဝင်လိုက်တာနဲ့ ၈ နှစ်အရွယ် Xu Zheng ကို ပြတင်းပေါက်နားကထိုင်ခုံမှာ ဒူးတွေပိုက်လျက်သားပုံစံနဲ့ တွေ့ရတယ်။

"အိုကေ... သွားကြစို့"

ချွေးတွေရွှဲနေတဲ့ Xu Ping က ရေတောင်မသောက်နိုင်ပဲ သူ့ညီလေးကို ခေါ်တယ်။

Xu Zheng က နံရံက နာရီကို ကြည့်တယ်... သူ့အကိုကို ကြည့်တယ်။ သူက နှုတ်ခမ်းတွေ စူလာတယ်။

BrotherWhere stories live. Discover now