Chapter - 10

3K 484 25
                                    

You are the salt of the world. If the salt loses its taste, how can it be made salty again? It is useless later, but it is thrown out and trampled.

You are the light of the world. The city is built on a mountain and cannot be hidden.

People light the lamp, not on the bottom of the bucket, but on the lampstand to illuminate the family.   

_ The Gospel of Matthew

"ကလောင် ကလောင် ကလောင်....."

အတန်းဆင်းခေါင်းလောင်းထိုးတဲ့အချိန်မှာ စိတ်တိုနေတဲ့ ထိပ်ပြောင်ပြောင်သင်္ချာဆရာ Ma က စင်မြင့်ခုံနောက်ကနေ အောက်ဟစ်နေတုန်းပဲ။

"ငါ စာမေးပွဲကို ပုစိညှောက်တောင့်လေး ခက်လိုက်တာနဲ့ လူတိုင်း ကျတော့တာပဲ! အနည်းဆုံးအမှတ်က ၉ မှတ်တဲ့! ၉ မှတ်! မင်းတို့လို အတန်းက ကျောင်းသားတွေအတွက် ဒီအမှတ်က ဖြစ်နိုင်ရဲ့လား?! ဟမ်?! မျက်လုံးအုပ်ခံထားရတဲ့ ဝက်တောင် ဒီအမှတ်ထက် ပိုရအောင် ဖြေနိုင်တယ်! မင်းတို့ကိုယ်မင်းတို့ မူကြိုကလေးတွေလို့များ ထင်နေကြတာလား? ဒီနှစ်ဆို ဂျူနီယာအထက်တန်းဝင်ခွင့်စာမေးပွဲကို ဖြေရတော့မယ်! မင်းတို့ ဂျူနီယာအထက်တန်းကောင်းကောင်းကို မဝင်ရင် စီနီယာအထက်တန်းကောင်းကောင်းကို ဝင်မှာမဟုတ်ဘူး... စီနီယာအထက်တန်းမကောင်းရင် တက္ကသိုလ်ကောင်းကိုလည်း မဝင်နိုင်ဘူး! ပြီးတော့ တက္ကသိုလ်ကောင်းကောင်း မဝင်ရင် ဘာဖြစ်မလဲ? ဟမ်! ငါ မင်းတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်.... မင်းတို့ ဘဝက ပြီး-သွား-မှာ... ပြီးသွားမှာ!"

Xu Ping က ညာဘက်လက်ကို ထောင်လိုက်တယ်။

"ဘာလဲ?!"

Xu Ping က မတ်တပ်ထရပ်လိုက်တယ်။

"ခေါင်းလောင်းထိုးပြီ ဆရာ Ma"

အတန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ကျောင်းသားတိုင်းက Xu Ping ကို လှည့်ကြည့်ကြတယ်။

Ma Guozhong က စင်ကို လက်ဖဝါးနဲ့ ရိုက်ချလိုက်တယ်။

"မင်းက ငါ နားမကြားဘူးလို့ ပြောနေတာလား?! ခေါင်းလောင်းထိုးတော့ရော ဘာဖြစ်လဲ? ငါ မလွှတ်မချင်း မင်းတို့အကုန်လုံး ဒီမှာပဲ ထိုင်နေရမယ်!"

Xu Ping က တည်တည်ငြိမ်ငြိမ် ပြန်ပြောတယ်။

"ဒါပေမယ့် ဆရာ့ကို တင်ပြပါတယ်... ကျွန်တော် ဆက်မထိုင်နိုင်တော့ဘူး။ တင်ပါးတွေ နာနေပြီ။ အိမ်ပြန်ပြီး ချီးပါရဦးမယ်"

BrotherWhere stories live. Discover now