Chapter - 45

4.1K 382 12
                                    

I will arise and go now, and go to Innisfree,
And a small cabin build there, of clay and wattles made;
Nine bean-rows will have there, a hive for the honey-bee,
And live alone in the bee-loud glade.

_ William Butler Yeats, The Lake Isle of Innisfree

အဝတ်တစ်စုံတစ်ရာမှ ရှိမနေတဲ့ Xu Ping နိုးလာတော့ ဖွင့်ထားတဲ့ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်က ကောင်းကင်ကို လှမ်းမြင်ရတယ်။ တိမ်ဖြူဖြူတွေက ပုံစံမပြောင်းပဲ ကြည်ပြာရောင် ကောင်းကင်ပြင်မှာ မျောလွင့်နေကြတယ်။ အိမ်နီးချင်းတွေရဲ့ ဝရန်တာဆီက ခိုညည်းသံတွေလည်း ကြားနေရပြီး မကြာခင်မှာ တောင်ပံတွေ တဖျတ်ဖျတ်ခတ်လို့ အဝေးကို ပျံသန်းသွားသံပါ ကြားရတယ်။

အပူချိန်ကတော့ မြင့်နေပြီး ချွေးတွေ အများကြီး ထွက်ထားခဲ့တာမို့ တစ်ကိုယ်လုံးက စေးကပ်ကပ်နဲ့ မသတီစရာ ကောင်းနေတယ်။

တနင်္လာနေ့, မနက် ၁၀ နာရီ။ သူ့ညီလေးက စက်ရုံကို အလုပ်လုပ်ဖို့ သွားခဲ့လိုက်ပြီ။ Xu Ping ကတော့ သေမတတ် ပင်ပန်းထားတာမို့ သူ့ညီလေးထွက်သွားတဲ့အချိန်မှာ အိပ်မောကျပြီး ကျန်ခဲ့တယ်။ ဒီပိတ်ရက် ၂ ရက်လုံး စားဖို့နဲ့ အိမ်သာဝင်ဖို့ကလွဲရင် သူတို့ထဲက တစ်ယောက်မှ အိပ်ယာထဲကနေ တစ်စက္ကန့်လေးတောင် မခွာခဲ့ကြဘူး။ ချစ်တင်းနှောလို့ ပြီးဆုံးသွားတဲ့အချိန်တိုင်းမှာ သူ့ဦးနှောက်က အားအင်ကုန်ခမ်းသွားပြီး ဘာကိုမှ မတွေးခေါ်နိုင်တော့ဘူး။ သူသိသမျှက သွေးသားဆန္ဒအတွက် သာယာမှုကို ရှာဖွေဖို့ပဲ ဖြစ်ခဲ့ပြီး စွဲလန်းမှုအသစ်တစ်ခုလိုမျိုး သူ့ညီလေးရဲ့ ခန္ဓာကိုယ်ကနေ ဖယ်ခွာဖို့ မတတ်နိုင်ခဲ့ဘူး။

Xu Ping က ကိုက်ခဲနေတဲ့ဦးခေါင်းကို နှိပ်နယ်ရင်း ထ ထိုင်တယ်။ သူ့ရဲ့ဝမ်းဗိုက်နဲ့ အောက်ပိုင်းဆက်သွယ်ထားတဲ့နေရာက ထုံပြီး ကျိန်းနေတယ်။ နည်းနည်းလေးတောင်မှ မလှုပ်ချင်အောင်ပဲ။

သူအိပ်ပျော်နေတုန်း သူ့ညီလေးက သူ့ကို တစ်ခုခုပြောသွားခဲ့ပြီး နှုတ်ခမ်းတွေကိုပါ နမ်းသွားခဲ့သေးတယ်။ သူလည်း မသဲမကွဲ ပြန်တုံ့ပြန်ခဲ့ပေမယ့် ဘာပြောခဲ့လဲဆိုတာ ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး။

Xu Ping က ကိုက်ခဲနေတဲ့ခေါင်းကို လျစ်လျူရှုလိုက်ပြီး ဧည့်ခန်းထဲက ဖုန်းရှိရာကို ဖြည်းဖြည်းချင်း ရွေ့သွားလိုက်တယ်။ စက်ရုံက ခေါင်းဆောင်ဆီ ဖုန်းဆက်ပြီး သူ့ညီလေး ဘေးကင်းကင်းနဲ့ အလုပ်ကိုရောက်တာ သိရမှ သူ စိတ်အေးနိုင်တော့တယ်။

BrotherWhere stories live. Discover now