Chapter - 26

2.7K 397 31
                                    

Every saint has a past, and every sinner has a future.

_ Oscar Wilde

ဒီစကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ Xu Ping က ခဏတောင့်တင်းသွားပြီး မကြာခင်မှာပဲ ထိန်းချုပ်လို့မရအောင် တုန်ယင်လာတယ်။

အသက်ရှူမဝသလို မွန်းကြပ်တဲ့ ခံစားချက်ကို တစ်ခါထပ်ပြီး ရရှိလာပြန်ပြီ။

သူ့ခေါင်းက ချာချာလည်နေတယ်။ အရက်ကနောက်ဆုံးတော့ အစွမ်းပြလာပြီထင်တယ်။

Xu Ping က လက်တွေကို စာအုပ်ပုံပေါ်တင်လိုက်ပြီး အသက်ရှူဖို့ ကြိုးစားလိုက်တယ်။

"တောင်းပန်ပါတယ်... နောက်ကျနေပြီ... ကျွန်တော်သွားတော့မယ်"

သူက စာအုပ်တွေကို ယူဖို့ပြင်လိုက်ပေမယ့် လက်တစ်ဖက်က သူ့ကို တားဆီးလာတယ်။

"မင်းဘာကိုကြောက်နေတာလဲ?"

"ကျွန်တော် ‌မကြောက်ပါဘူး"

"ငါ့ကိုလား?"

"ကျွန်တော်ဘယ်သူ့ကိုမှ မကြောက်ဘူး"

Huang Fan က ရယ်တယ်။

"မင်းခန့်မှန်းမိပြီးသားလို့ ငါထင်တာပဲ။ အထက်တန်းတုန်းက ငါသိခဲ့တဲ့သူတွေအကုန်လုံးထဲမှာ ငါ့ကို ဥက္ကဌ Huang လို့ ခေါ်သေးတာ မင်းတစ်ယောက်ပဲရှိတယ်"

".... မဟုတ်ဘူး... အကို ထင်သလိုမဟုတ်ဘူး"

"Xu Ping"

Huang Fan က သူ့ကို တည့်တည့်စိုက်ကြည့်တယ်။

"မင်းနဲ့ငါက အတူတူပဲ"

Xu Ping က ခဏ တန့်သွားပေမယ့် ပြန်မယ့်အကြောင်းကိုပဲ ထပ်ပြောတယ်။

"တောင်းပန်ပါတယ်... ကျွန်တော် သွားမှဖြစ်မယ်"

သူ မြန်မြန် ထရပ်လိုက်ပေမယ့် Huang Fan က သူ့ကို ဆွဲချလိုက်တော့ ဆိုဖာပေါ် ထိုင်လျက်သားပြန်ကျသွားတယ်။ Huang Fan က သူ့လက်တွေကို ချုပ်ထားလိုက်ပြီး သူ့ကို အုပ်မိုးလာတယ်။

Xu Ping က လန့်သွားသလို ဒေါသကြောင့်လည်း တုန်လာတယ်။

"လွှတ်!"

"မင်းကို ဘယ်သူထိုးလိုက်တာလဲ ပြောပြ"

"ဘယ်သူမှ မထိုးဘူး"

BrotherWhere stories live. Discover now