Chapter - 18

2.9K 460 12
                                    

"X daily, အလိမ်အညာတွေနဲ့ ဘုရားကို စော်ကားတယ်! လူတွေကို လှည့်ဖျားတယ်... လူစိတ်မရှိတဲ့ ကလိမ်ကကျစ်တွေ! ဒီအချိန်က လက်စားချေရမယ့်အချိန် မဟုတ်သေးဘူး! ဒါပေမယ့် အချိန်တန်လာရင် လူတွေက လက်တုံ့ပြန်ကြလိမ့်မယ်!"

Xu Ping က သူ့ညီလေးကို တင်နင်းရင်း ပြည်သူ့ရင်ပြင်ကို ဖြတ်လာတဲ့အချိန်မှာ လူ‌သိန်းချီစုဝေးနေကြပြီး လမ်းတွေ အကုန်ပိတ်နေပြီ။ ဆံပင်အတိုနဲ့အမျိုးသမီးက မီးခိုးရောင်ဂျက်ကက်ကို ဝတ်ထားပြီး လက်ထဲမှာ အနီရောင်အော်လံတစ်ခုကို ကိုင်ထားတယ်... အဲ့ဒီအမျိုးသမီးက သူ့အရပ်လောက်ရှိတဲ့ အဖြူရောင်အခံပေါ်မှာ အနီရောင်စာလုံး အကြီးကြီးတွေရေးထားတဲ့ စာတန်းရှေ့မှာ ရပ်နေပြီး သူ့ရှေ့က လူပင်လယ်ကို တက်တက်ကြွကြွ တိုင်ပေးနေတယ်။

ရင်ပြင်ရဲ့ အနောက်တည့်တည့်က မြို့တော်ခန်းမဖြစ်ပြီး သူ့ဘေးမှာတော့ ဒီဒေသရဲ့အဓိကသတင်းစာ X Daily ရဲ့ ရုံးရှိတယ်။ ရင်ပြင်ရဲ့ အလယ်မှာ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူထားပြီး ဘေးပတ်လည်မှာ ပန်းတွေဝန်းရံထားတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ရင်ပြင်က လူတွေနဲ့ပဲ ပြည့်ကျပ်နေတယ်။

လမ်းပိတ်နေတာမို့ Xu Ping လည်း တခြားစက်ဘီးသမားတွေလိုပဲ စက်ဘီးပေါ်က ဆင်းလိုက်ရပြီး သူ့ညီလေးရဲ့ လက်ကို ကိုင်ထားလိုက်တယ်။

"ဒီမှာ လူတွေ အရမ်းများနေတယ်... ငါ့လက်ကို ကိုင်ထားပြီး လုံးဝ မလွှတ်လိုက်နဲ့နော်"

ဆံပင်အတိုနဲ့ အမျိုးသမီးက စင်ပေါ်က ဆင်းသွားပြီး သူ့နေရာမှာ ပိန်ပိန်ရှည်ရှည်လူက အစားဝင်လာတယ်။

"မနေ့က ကျွန်တော်တို့ Democracy ဆိုတဲ့ ခေါင်းစဉ်မှာ ရပ်ထားခဲ့တယ်။ Democracy ဆိုတာ ဘာလဲ? ကျွန်တော် နားလည်သလောက်ကတော့ 'demo' ဆိုတာ 'ပြည်သူတွေ' ဖြစ်ပြီး 'cracy' ကတော့ 'အင်အား' ပဲ ဖြစ်တယ်။ ကျွန်တော်တို့, ပြည်သူတွေ, ဟာ အင်အားကို ဆုပ်ကိုင်ဖို့လိုတယ်!"

ကျယ်လောင်လှတဲ့ လက်ခုပ်သံနဲ့ အားပေးသံတွေက လူအုပ်ကြားထဲကနေ ထွက်ပေါ်လာတယ်။

Xu Ping က သူ့မျက်လုံးကိုတောင် မယုံနိုင်ဖြစ်နေပေမယ့် ဒီနေရာမှာပဲ သူပိတ်မိနေတယ်။

BrotherWhere stories live. Discover now