အပိုင်း(၁)

43.4K 1.7K 56
                                    


အပိုင်း(၁)

"ငါတို့ကွာရှင်းတော့မှာ"

"ဘာ!!!ဟေ့ကောင်ခွန်းမင်းရူးနေပြီလား"

ကော်ဖီ shop လေးထဲမင်းမခရဲ့အော်သံကြီးကလွှမ်းခြုံသွားသည်။

"မင်းးးတစ်ကယ်ပြောနေတာလားခွန်း"

"ဒီအခြေအနေကို ငါနောက်ပါ့မလား"

"မင်းစိတ်လျော့ပြီး။။ နဲနဲလောက်သည်းခံကြည့်ပါကွာ။ မင်းအခုကွာရှင်းချင်တိုင်းကွာလို့ရတာမဟုတ်ဘူး။ မွေးထားတာပဲကလေး၂ယောက်တောင်ရှိပြီ။ ကလေးတွေရှေ့ရေးဘယ်လိုလုပ်မှာလဲ။"

မင်းမခ..ငါသေတဲ့အထိသည်းခံရမှာလား။။၅နှစ်လုံးလုံးသည်းခံခဲ့တာတော်ပြီပေါ့။။ကလေးတွေကိုငါတာဝန်ယူနိုင်တယ်။ငါအားနည်းတဲ့ကောင်မဟုတ်ဘူး"

"ငါသိပါတယ်။။ဒါပေမဲ့ကွာ...."

"ပါးပါးးး"

"ပါပီလေးတို့ပြန်လာပြီလားး။"

လက်ထဲမှာရေခဲမုန့်လေးကိုယ်စီကိုင်ထားကြပြီးသူ့ပါးပါးကိုတွေ့တော့လှမ်းအော်ခေါ်နေသော လုံးလုံးကစ်ကစ် အမွှာလေး2ယောက်ပေါ့။

ပါပီလေးတို့၂ယောက်လုံး ခွန်းအနားရောက်တာနဲ့ခွန်းရဲ့သြဝါဒစကားသံကိုစကြားရပါပြီ

"အချိုတွေနောက်မစားနဲ့နော် သွားပိုးတွေစားကုန်မယ်လေ ပါပီ"

"တီတီဟန်နေး ဝယ်ကျွေးတာ"

"ဟုတ်တယ်ခွန်း။ ဟန်ဝယ်ကျွေးလိုက်တာ။တစ်ခါတစ်လေစားတာဘာမှမဖြစ်ပါဘူးခွန်းရယ်"

အချစ်ဆုံးသူငယ်ချင်းဖြစ်သူမင်းမခနဲ့တိုင်ပင်စရာတွေရှိလို့ ကလေးတွေကိုဟန်နေးနဲ့ခနအပြင်ပတ်ဖို့လွှတ်လိုက်တာကို မြန်မြန်ဆန်ဆန်ပြန်ရောက်လာတာကြောင့် ခွန်းနဲ့ မင်းမခတို့ ခုနကကိစ္စကိုဘာမှဆက်မပြောဖြစ်တော့ပေ။။။

"ဒါဆိုငါတို့ပြန်တော့မယ်ခွန်း။။ဟန်..ကိုယ်တို့သွားရအောင်။"

မသွားခင် မင်းမခတစ်ယောက် တက်နေခွန်းရဲ့နားနားကပ်ပြီးရအောင်ပြောသွားသေးသည်။

"သေချာစဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချနော် ခွန်း"

"၃နှစ်ကြီးများတောင်စဥ်းစားခဲ့တာ ငါသူနဲ့ကွာရှင်းလိုက်လို့ လုံးဝနောင်တရမှာဟုတ်ဘူး"

ခြွင်းချက်မရှိ(complete)Where stories live. Discover now