အပိုင်း(17)

9.1K 697 10
                                    

အပိုင်း(၁၇)

ဆေးရုံကိုချက်ချင်းလိုက်ခဲ့ပေမယ့် ခွန်းရဲ့လူနာအခန်းထဲရောက်ရောက်ချင်း မာန်ဦးခိုက်ကိုတွေ့လိုက်ရတာကြောင့် မောလာတဲ့စိတ်တွေတောင်ပျောက်ချင်းမလှပျောက်သွားသည်။

ဒါပေမယ့် ခွန်းကတော့ကုတင်ပေါ်မှာလှဲနေပြီး ဆေးပိုက်များဖြင့်သွယ်တန်းထားသည်။

"ခွန်းးး"

"သတိမရသေးဘူး"

ခွန်းရဲ့ခုတင်နားကိုသွားမယ့်လှိုင်းကို မာန်ဦးခိုက်က သူ့ကိုယ်လုံးနဲ့ကာတားထားသည်။

"ဖယ်စမ်းပါ"

မာန်ဦးခိုက်က လှိုင်းရဲ့ပုခုံးနှစ်ဖက်ကို ကိုင်ကာနောက်သို့တွန်းလိုက်ရင်း

"မင်းဘာလာလုပ်တာလဲ"

"မင်းကရော မဆီမဆိုင်ဘာလို့ရောက်နေတာလဲ"

"ငါကလား?? ငါချစ်တဲ့သူမို့အနားရောက်နေတာပေါ့"

မာန်ဦးခိုက်က မျက်ခုံးများကိုပင့်တင်လိုက်ရင်းဖြေလိုက်သည်။

"မင်းချစ်တဲ့သူ!!! အော်...လက်စသတ်တော့ ကြာကူလီလာလုပ်မယ်ဆိုပါတော့။"

"ဒါပေါ့~~ငါခွန်းကို ဂရုမစိုက်နိုင်၊ မစောင့်ရှောက်နိုင်တဲ့ လူရဲ့လက်ထဲမှာဆက်မထားချင်ဘူး။ ငါကမင်းထက်တော့ အဆတစ်ရာမက,စောင့်ရှောက်နိုင်တယ်။"

"ခွန်းကိုငါပဲပိုင်တယ်။,မင်းဘယ်တာ့မှရမှာမဟုတ်ဘူး"

"ဟန်ဆောင်ပြီးပြောတာတွေရပ်လိုက်စမ်းပါကွာ"

ခွမ်းးးး

သူတို့၂ယောက်ရန်ဖြစ်တာနဲ့ လူနာကို ခဏ ပစ်ပယ် ထားသလိုဖြစ်သွားမိသည်။

ခွမ်းရဲ့ခုတင်ဆီကလာတဲ့အသံမို့ နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့..

ခွန်းကခုတင်ပေါ်က ပိုက်တန်းလန်းနဲ့မို့ဆင်းလို့မရတာကြောင့် ဘေးက စားပွဲပေါ်ထားတဲ့ဖန်ခွက်ကိုလှမ်းဆွဲရင်း မမှီတာကြောင့်ဖန်ခွက်ကကျကွဲသွားခြင်း...

ခွန်းနိုးလာတော့ သူသိတာ ရေအရမ်းဆာတာပဲသိတယ်။ ပွစိပွစိရန်ဖြစ်သံတွေကြားပေမယ့် ခဏလျစ်လျှူရှုပြီး ဖန်ခွက်ဆီသာလက်လှမ်းဖို့ပြင်ဆင်နေရသည်။  မမှီဘဲ လှမ်းတော့ကျကွဲရော။

ခြွင်းချက်မရှိ(complete)Where stories live. Discover now