အပိုင်း(15)

9.1K 627 9
                                    

အပိုင်း(၁၅)

"တီချယ်အင်္ဂလိပ်စာအမှတ်တွေအော်မယ်"

ကျော်ဇေယျ ရှစ်ဆယ့်ကိုးမှတ်

မေမီ  ကိုးဆယ့်တစ်မှတ်

မင်းမခ  ရှစ်ဆယ့်ရှစ်မှတ်

ဝတီမိုးဦး ခုနစ်ဆယ့်သုံးမှတ်

ရှင်လွန်းအိမ်  ရှစ်ဆယ့်ငါးမှတ်

လှိုင်းခက်ထန် ကိုးဆယ့်ရှစ်မှတ်

ဟန်ပိုင် ခုနစ်ဆယ့်ခြောက်မှတ်"

ခွန်းတစ်ယောက်သူ့အမှတ်စာရင်းကိုမခေါ်သေးလို့ခေါင်းကိုငိုက်စိုက်ချကာလက်မအချင်းချင်းပွတ်သပ်နေမိသည်။

"ထုံးစံအတိုင်းအမှတ်အနည်းဆုံး
တက်နေခွန်း ဆယ့်ရှစ်မှတ်!"

ခွန်းသူ့အမှတ်ကိုပြောတော့မျက်ခုံးကိုတွန့်ချိုးလိုက်ပြီးအမှတ်စာရင်းယူရန်ဆရာမဆီထသွားလိုက်သည်။

"တက်နေခွန်းရေ။ ဒါအထူးတန်းနော် သားစာမလိုက်နိုင်ရင်အတန်းပြောင်းလို့ရတယ် လတိုင်းဒီလိုဆို အဆင်မပြေဘူး။"

"သားကြိုးစားပါ့မယ်။"

"ပါးစပ်ကပဲ ပြောမနေနဲ့။။"

"ဟုတ် ဟုတ်"

ဆရာမဆီကအဖြေလွှာကိုယူလိုက်ပြီး အတန်းထဲပြန်ဝင်ထိုင်နေလိုက်သည်။

ခွန်းကအပြင်မှာဆို တက်တက်ကြွကြွနေပေမယ့်အတန်းထဲကျရင်တော့အားငယ်ချင်သည်။

ကိုယ်စာမလိုက်နိုင်မှန်းသိတယ်...
အင်င်္ဂလိပ်စာကို စိတ်မဝင်စားမှန်းလည်းသိတယ်။
အထူးတန်းကိုမတက်သင့်မှန်းလည်းသိတယ်။
ဒါပေမယ့်.....ဒါပေမယ့်သူချစ်ရတဲ့သူရှိနေတယ်မလား။သူ့ကိုတွေ့ရဖို့၊ သူနဲ့နီးစပ်ဖို့ကဒီနည်းပဲရှိသည်လေ။

နေ့ခင်းအတန်းဆင်းချိန်ကြတော့လှိုင်းကိုကန်တင်းမှာဟန်ပိုင်နဲ့နှစ်ယောက်တွေ့လိုက်ပါသည်။
လှိုင်းကိုတွေ့လိုက်တာနဲ့ လှိုင်းနဲ့အနီးဆုံးကိုခွန်းသံလိုက်တစ်ခုလိုငြိတွယ်ချင်မိသည်။

"လှိုင်း...လှိုင်းး"

"အော်..တက်နေခွန်းပြော။"

ခြွင်းချက်မရှိ(complete)Where stories live. Discover now