အပိုင်း(26)

8.3K 545 15
                                    

အပိုင်း(၂၆)

"လှိုင်း~~"

"အင်းပြော Honey"

ခွန်းရဲ့ခေါ်သံအဆုံးမှာလှိုင်းကခုတင်ပေါ်တက်လာပြီး ကျောခိုင်းအိပ်နေတဲ့ခွန်းကို နောက်ကနေသိုင်းဖက်ထားလိုက်သည်။

"မင်းအလုပ်မလုပ်တော့ဘူးလား"

"ဘာကိုလုပ်ရမှာလဲ။"

"အခုမင်းက မင်းအဖေအလုပ်ကိုကူလုပ်တာပဲရှိတာလေ။ ကိုယ်ပိုင်အလုပ်ရှိလို့လား"

"လိုလို့လားကွာ ကိုယ်တို့ကဆင်းရဲတာမှမဟုတ်တာ။"

"မင်း ငါမရှိရင်ကလေးတွေနဲ့အဆင်ပြေပါ့မလား"

"......."

"ငါ...ငါပြောတာက"

"ကိုယ့်အဖေကုမ္ပဏီကကိုယ်အမွေရမှာလေ။ အဲ့တာကြောင့်ကိုယ်ကအလုပ်တွေကူလုပ်ပေးရင်းလေ့လာနေတာ။"

"အော်"

"ကိုယ့်ဘက်ကိုလှည့်"

ပြောလည်းပြော ခွန်းကိုသူ့ဘက်သို့ဆွဲလှည့်လိုက်ရင်း။

"နောက်ဆိုရင်ထွက်သွားမယ့်စကားမပြောပါနဲ့။
မင်းကကိုယ့်အနားမှာပဲရှိရမယ်။"

"ငါလည်းအဲ့လိုပဲဖြစ်ချင်တာ"

"အဲ့လိုဖြစ်ရမယ် တခြားဘာမှမတွေးနဲ့"

"အွန်း"

ခွန်းကလှိုင်းရဲ့နှာတံတစ်လျှောက်ကိုလက်ညိုးလေးနဲ့တို့ထိလာ၏။

"မင်းရဲ့အစိတ်အပိုင်းတစ်ခုစီကိုသေချာထိတွေ့ချင်တယ်။"

လှိုင်းကမျက်လုံးမှိတ်ထားပေးပြီး

"ကြိုက်တဲ့နေရာကိုထိ"

"ဒီမျက်နှာကြီးကိုလေ ငါသေတဲ့အထိမှတ်သွားမယ်။"

"အွန်းးးးးခွန်းးး"

မျက်နှာကိုလက်ဖြင့်ဆွဲညစ်ထားတာကြောင့်လှိုင်းရဲ့နှုတ်ခမ်းကရှေ့ကိုထော်နေ၏။

"ပြွတ်"

"ပါးပါး..သားကိုလည်းအာဘွားပေးပါအုံး"

"ဒီကလေးဘယ်ချိန်ထဲကရောက်နေတာလဲ"

"အာဘွားပေးတဲ့ချိန်ထဲက"

ခြွင်းချက်မရှိ(complete)Where stories live. Discover now