Christmas Present🎁 ✨

4.3K 319 9
                                    

ချွင်းချက်မရှိ( Merry Christmas🎄🎁❄)

Last Christmas I give you my heart........

သီချင်းလေး တငြီးငြီးနဲ့ခွန်းအနားကိုရောက်လာတဲ့လှိုင်းကြောင့် သူ့ဘက်ကပင်စကားဆိုရန်အစချီမိသည်။

"Last Christmasဆိုတော့မင်းနှလုံးသားကိုအရင်နှစ်ကမှငါ့ဆီပေးခဲ့တဲ့သဘောပေါ့"

"မဟုတ်ပါဘူး"

"ဒါဆိုရင်...."

"ကိုယ့်နှလုံးသားကမင်းဆီရောက်နေတာကျောင်းသားဘဝထဲကဖြစ်မယ်။"

"ဖြစ်မယ်တဲ့လားးသေချာလည်းမသိပဲနဲ့။"

"ဟုတ်ပါတယ်ကွာ...တကယ်ပါ။ မင်းနဲ့တွေ့ရင်ကိုယ်ပုံမှန်မဟုတ်တော့ဘူးဆိုတာ ကိုယ််ကိုကိုယ်သတိထားမိတယ်။အဲ့တုန်းက ကိုယ့်စိတ်ကိုယ်မသိတာ တော်တော်နောင်တရမိတယ်။"

"အခုလည်းအဆင်ပြေနေပြီပဲဟာ...နောက်မကျသေးပါဘူး...ငါမရှိတော့တဲ့အချိန်ထိ မင်းအသိတရားမရှိသေးမှာကိုပဲကြောက်မိနေတာ"

"မပြောကောင်းတာတွေမပြောနဲ့ နေ့ထူးနေ့မြတ်ကြီးမှာလျှောက်မပြောနဲ့ Honeyလည်းအားတယ်မလား ကလေးတွေလည်းကျူရှင်ပိတ်တုန်းအပြင်ထွက်ရအောင်လေ။"

"အွန်း...ခဏလေးစောင့်  အပြင်မှာအေးတယ် ပါပီလေးတွေကိုအနွေးထည်ဝတ်ပေးလိုက်အုံးမယ်။"

"အင်းအင်း...ကိုယ်ကားပေါ်ကစောင့်နေမယ်။"

အခန်းထဲဝုန်းဒိုင်းကြဲပြီးပတ်ပြေးနေတဲ့သူတော်ကောင်း၂ကောင်ကိုရအောင်ဖမ်းပြီး နီရဲရဲဆွယ်တာလေးကိုဆင်တူလေးဝတ်ပေးလိုက်သည်။

.......................................................................................

"ရေခဲမုန့်...ရေခဲမုန့်စားချင်တယ်..ပါးပါး"

"ဘာရေခဲမုန့်တုန်းးရာသီဥတုကအေးရတဲ့ကြားထဲ။ နှာရည်ကရွှဲနေပြီ မစားရပါဘူးရေခဲမုန့် ချောင်းထပ်ဆိုးနေမယ်။"

"အူးးဝါးးးးစားချင်ရို့ပါ"

"ဒယ်ဒီပြောမယ်...ရေခဲမုန့်စားမလား ဟိုကစားကွင်းထဲဝင်ဆော့မလား"

ပျော့ပျော့အိအိပုံစံကစားကွင်းကျယ်ကျယ်ကြီးကိုမြင်ပြီးပတ်လေးကမျက်စိအရောင်တောက်လာ၏။ အစားထက်အဆော့ကိုပိုမက်တဲ့ဒီ၂ယောက်ရဲ့အကြောင်းကိုသိနေပြီလေ။

ခြွင်းချက်မရှိ(complete)Where stories live. Discover now