အပိုင်း(21)

8.3K 626 21
                                    

အပိုင်း(၂၁)

"ဟယ်လို"

"ခွန်းးပြန်မရောက်သေးဘူးလား...ဟိုနေ့ကကိုယ်ခွန်းအိမ်ကိုလာသေးတယ်။ ခရီးသွားတယ်ဆို"

"ဟုတ်တယ်။ မထင်မှတ်ပဲသွားဖြစ်သွားတာ။"

"ခွန်းအဆင်ပြေရင်ပြီးတာပါပဲ။ ကိုယ်ဒီဇိုင်းအပ်ထားတာရပြီ။ ပုံစံကတော့ခွန်းရဲ့ဒီဇိုင်းနဲ့ဆင်ပေမယ့်အပြင်မှတစ်ခါမှမတွေ့ဘူးသေးတဲ့ဒီဇိုင်းမျိုး။ ကိုယ်ပုံပို့ပေးထားမယ်နော်"

"ဟုတ် ကောင်းပါပြီ ဦးခိုက်ရေ  ခွန်းကိစ္စနဲ့အလုပ်တွေရှုပ်နေပြီလား.

"ကိစ္စမရှိပါဘူး။ ဒီလောက်ကတော့ အပျော့လေးပါ"

"ကျေးဇူးတင်ပါတယ်နော်။"

"ကောင်းပါပြီဗျာ"

"ခွန်းးအပြင်မှာအေးတယ်အထဲဝင်တော့"

ညကြီးမိုးချုပ်ခြံထဲဆင်းပြီး ဖုန်းထွက်ပြောနေတဲ့ခွန်းနောက်ကိုလိုက်လာပြီးပြောလိုက်ခြင်း

"ဖုန်းပြောပြီးဝင်မှာပေါ့။ ဘယ်လိုဖြစ်နေတာတုန်း"

"ဘယ်ကကောင်နဲ့ပြောနေလို့ အဲ့လောက်ဖြစ်နေရတာလဲ။"

"ဘယ်သူနဲ့ပြောပြော မင်းသောက်ကြောင်းလား.
ငါလည်းအားယားနေတဲ့ကောင်မဟုတ်ဘူး။ အလုပ်ကိစ္စတွေရှိတယ်။ အဲ့တော့ ဘယ်နေ့ပြန်မှာလဲ။"

"သုံးရက်လောက်နေရဦးမယ်ထင်တယ်။"

"ကျစ်!!မင်းအလုပ်ကမပြီးနိုင်တော့ဘူးလား"

"မပြီးသေးဘူး မနက်ဖြန်လည်းစာရင်းသွားကောက်ရဦးမှာ။"

"မင်းစိတ်ကိုငါနားမလည်တော့ဘူး။ အလုပ်နဲ့လာတာ ငါ့ကိုဘာလို့ခေါ်လာလည်း။ "

ခွန်းအဲ့လိုမေးလိုက်တော့ သူပြန်ဖြေဖို့အဖြေမရှိဖြစ်နေခဲ့သည်။

ငါခွန်းကိုဘာလို့ခေါ်လာတာလဲ...?...

"ဒီမှာဒီမှာ ကြောင်ပြီးရပ်မနေနဲ့။ မင်းပြောတဲ့သုံးရက်ထက်ကျော်လို့ကတော့ ငါ့နည်းလမ်းနဲ့ငါရှာပြန်မယ်။"

"ဘာလို့အရမ်းပြန်ချင်နေရတာလဲ။ မခွဲနိုင်တဲ့သူရှိနေလို့လား။ ဟမ်!"

ခြွင်းချက်မရှိ(complete)Where stories live. Discover now