အပိုင်း(၂၇)

8K 534 7
                                    

အပိုင်း(၂၇)

ကျွန်တော်ထိုင်ပြီး Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတုန်း ကျွန်တော့်လက်မောင်းကြားကနေခေါင်းတိုးပြီးဝင်လာသည်။

"ကိုကို!"

"အင်းးဘာအလိုရှိသလဲ"

"ဘာမှမဟုတ်ဘူး...ဒီတိုင်းပျင်းလို့"

ခေါင်းတင်မဟုတ်ပဲ လူတစ်ကိုယ်လုံးပါတိုးဝင်လာတော့ တစ်ဖြည်းဖြည်းရင်ခွင်ထဲရောက်လာပြီ။ လက်ထဲမှာလည်း ပိုက်တန်းလန်းနဲ့သောက်လက်စမိုင်လိုဘူးလေးကပါသေးသည်။

"စာရင်းတွေစစ်လို့ပြီးသေးဘူးလား"

"နည်းနည်းကျန်သေးတယ်...မနက်ဖြန်ကိုယ့်အဖေကိုအပြီးပေးရမှာ"

"ကူလုပ်ပေးရဦးမလား"

"ဒီတိုင်းလေးပဲ ဘေးနားမှာရှိနေရင်ရပြီ"

သူ ဒီနေ့မှိုင်တွေနေသည်။ ကလေးလေးတစ်ယောက်လို ရင်ခွင်ထဲကွေးနေအောင်ဝင်ခွေနေသောသူ.....

"အိပ်ချင်ရင် အိပ်ရာပေါ်သွားအိပ်လေ Honey"

"ဟင့်အင်းးကိုကို့ ကိုစောင့်နေတာ...ပြီးအောင်လုပ်"

"ဟင်းးးးHoney..က ကလေးကြီးလား
ပါပီလေးနှစ်ယောက်တောင် Honeyလောက်မကပ်ဘူး"

"မင်းနဲ့တူလို့နေမှာပေါ့"

"အဲ့တာဆို Honeyနဲ့တူတဲ့နောက်တစ်ယောက်လောက်ထပ်မမွေးချင်ဘူးလား"

"ရှိတဲ့နှစ်ယောက်တောင်နိုင်အောင်မထိန်းနိုင်ပဲနဲ့များ ထက်မွေးရင်မင်းခေါင်းပေါ်သာတင်ထားလိုက်တော့"

ကိုကို လို့ခေါ်ရင်လည်းသူပါပဲ
မင်း ဆိုပြီးရန်တွေ့နေတာလည်းသူပါပဲ။ ကျွန်တော်နှစ်မျိုးစလုံးကိုကြိုက်တယ်။ ကိုကိုလို့သူခေါ်လိုက်တိုင်း ရင်ဘတ်ထဲပန်းတွေပွင့်နေသလို မင်း လို့သုံးလည်း ကျွန်တော်မြတ်နိုး၏။

မိုင်လိုဘူးအကုန်လေးကိုဘေးသို့ပစ်ချပြီးကျွန်တော့်ခါးကိုဖက်ပြီး ဗိုက်ကအဖုအထစ်တွေဆီကိုမျက်နှာအပ်ထားပြန်၏။

"နေမကောင်းဘူးလား"

"မဟုတ်ပါဘူး။ နွေးလို့ဖက်ထားတာ"

ခြွင်းချက်မရှိ(complete)Where stories live. Discover now