အပိုင်း(3)

14.1K 1.1K 40
                                    


အပိုင်း(၃)

ဆေးရုံမှာလူတော်တော်များသည်။ လှိုင်းမားသားကြီးက နှလုံးရောဂါသာရှိတာ အရွယ်တင်ပြီးလူငယ်တစ်ယောက်လိုပင်။

ဆရာဝန်ကနောက်၂ရက်နေရင်ထပ်လာဖို့ချိန်းလိုက်ပြန်သည်။

"မာမီတို့ စျေးဝယ်ထွက်ကြဦးမယ် ခွန်းလေးရေ"

အိမ်က ကလေး၂ယောက်ကို စိတ်မချပေမယ့်လှိုင်းရှိနေတယ်ဆိုတဲ့အသိကြောင့် ခွန်းစျေးဝယ်ထွက်ရန်သဘောတူလိုက်သည်။

"တက်နေခွန်းလားရှင့်"

မိန်းကလေးတစ်ယောက်အသံကြောင့်အသံလာရာကိုလှည့်ကြည့်လိုက်တော့။ပန်းစက်ပွင့်ဖြစ်နေသည်။

ပန်းစက်ပွင့်ကိုခွန်းမသိပဲမနေပါ။သတင်းတွေထွက်လာတဲ့ထိလှိုင်းနဲ့တွဲသွားတွဲလာလုပ်နေတဲ့ဒီမိန်းကလေးကိုခွန်းကောင်းကောင်းသိတာပေါ့။

သူမလည်းခွန်းကိုသိတာမဆန်း..
နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတက်နေခွန်းနဲ့ အကြီးဆုံးကုမ္ပဏီပိုင်ရှင်ရဲ့သားလှိုင်းခက်ထန်တို့ရဲ့မင်္ဂလာပွဲက မသိတဲ့သူရှားသလောက်ပဲလေ။

ခွန်းကသူမကိုကြည့်ကာမျက်ခုံးကိုပင့်ပြီးပြုံးလိုက်၏။

"ဟိုလေ...လှိုင်းခက်ထန်ပါမလာဘူးလားဟင်"

"ဘာကိစ္စရှိလို့လဲ"

"ဒီနေ့ ပွင့်နဲ့တွေ့မယ်ဆိုချိန်းထားတာ ရောက်မလာသေးလို့လေ"

"အော်....သူဒီနေ့လာနိုင်မှာမဟုတ်ဘူး"

"ဘာလို့လဲဟင်..လှိုင်းကအမြဲအားနေတဲ့သူကို"

"အိမ်မှာ ကလေးထိန်းခိုင်းထားတယ်။ အမြဲအားနေတဲ့သူက တစ်ခါတစ်လေ သူ့အပိုင်ရဲ့အလုပ်လေးတွေကိုလည်းကူရအုံးမှာပဲလေ။ ဟုတ်တယ်မလား အဲ့တော့အားမှာမဟုတ်ဘူး"

ပန်းစက်ပွင့်ရဲ့အမေးကိုခွန်းပြုံးပြုံးလေးဖြေပြီးထွက်လာခဲ့လိုက်သည်။

ခွန်း..ပန်းစက်ပွင့်နဲ့တွေ့လိုက်တာ..
သာယာနေတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိ။

ခုချိန်အိမ်ပြန်ရင် လှိုင်းက..ကလေးတွေအိမ်မှာထားခဲ့ပြီး အပြင်ထွက်မယ်ဆိုတာကို သိနေတဲ့စိတ်ကြောင့် မာမီလေးနဲ့တစ်နေရာပြီးတစ်နေရာလျှောက်လည်ရင်း ညနေစောင်းမှအိမ်ပြန်ခဲ့လိုက်သည်။

ခြွင်းချက်မရှိ(complete)Where stories live. Discover now