အပိုင်း(7)

10.6K 893 30
                                    

အပိုင်း(၇)

လှိုင်းကိုင်ထားတာဖြေလျော့သွားတာနဲ့ခွန်းနောက်ပြန်လှည့််မကြည့််ပဲထွက်လာခဲ့လိုက်သည်။

ခွန်းထွက်လာတော့ ခွန်းနောက်ကနေ ဦးခိုက်လိုက်လာနေတာကိုခွန်းသိသည်။

"ဦးခိုက်...ဟိုလေခွန်းတစ်နေရာသွားစရာရှိသေးလို့ နောက်မှပဲ ကလေးတွေနဲ့တွေ့ပေးမယ်နော်။"

"အော်...ကောင်းပါပြီ"

မာန်ဦးခိုက်သိပါသည်။ ခွန်းစကားသံအဆုံးမှာတုန်လှုပ်သံတစ်ချို့ပါနေတယ်ဆိုတာကိုပေါ့။
ဒီအချိန်မှာခွန်းအတွက်တစ်ယောက်ထဲနေတာကပိုသင့်တော်ပေလိမ့်မည်လေ။

ခွန်းကားကိုအရှိန်မြှင့်တင်ကာမောင်းနေမိသည်။။ထွက်လာတဲ့ဒေါသကိုကားခြေနင်းပေါ်သို့သာအပြစ်ပုံချထားသည်။

မိနစ်အနည်းငယ်အကြာမှာတော့ ခွန်းကားလေးကမြို့ပြင်နားတောင်ရောက်ခါနီးနေပြီ အဲ့တော့မှခွန်းကားကိုထိုးရပ်ချလိုက်သည်။ အရှိန်တင်မောင်းလာတဲ့ကားကိုရုတ်တရပ် ရပ်ပစ်လိုက်တာမို့ ခွန်းရဲ့ခန္ဓာကိုယ်လေးတောင်အရှေ့သို့ယိမ်းယိုင်သွားသည်။

ခွန်းရေးကြီးသုတ်ပြာ ဖုန်းကိုထုတ်ပြီး မင်းမခဆီဖုန်းခေါ်နေမိသည်။

"ဟယ်လို! မင်းမခ"

"ပြောသားကြီး"

"မင်းငါ့ကလေး၂ယောက်ကို ကျောင်းကြိုပြီးဒီနေ့ည မင်းအိမ်မှာခဏခေါ်ပေးထားပါ"

"ဘာလို့လဲ??ရုတ်တရက်ကြီး"

"ငါဒီညအိမ်ပြန်မလာဖြစ်ဘူး အပြင်မှာအိပ်မှာ"

"အပြင်မှာ??မင်းကဘယ်သွားမလို့လဲ?"

"ဟိုတယ်"

"ဟမ်..ဟို..ဟိုတယ်ကို!!"

တီ......တီ.....

ခွန်း ဖုန်းချသွားပေပြီ..

မြို့စွန်နားက ခွန်းဒီဇိုင်းဆွဲပေးနေကျ ဟိုတယ်ကိုသာသွားလိုက်သည်။

"တစ်ယောက်ခန်းတစ်ခန်းပေး"

"ဟုတ်ကဲ့ရှင့်"

"တက်နေခွန်းပါလားး"

ကောင်တာဘက်ကနေ ဝဝဖီးဖီးနဲ့အရပ်ပုပုလူကြီးတစ်ယောက်က ခွန်းနာမည်ကိုခေါ်ရင်းလျှောက်လာသည်။

ခြွင်းချက်မရှိ(complete)Where stories live. Discover now