အပိုင်း(5)

11.6K 906 16
                                    


အပိုင်း(၅)

အိမ်ပြန်ရောက်တော့ ခွန်းကိုဧည့်ခန်းထဲမှာတွေ့ပါသည်။ ဒီဇိုင်းထိုင်ဆွဲနေတာထင်ပါရဲ့။သေချာကိုအာရုံနှစ်ပြီး ဆွဲနေတာပါ။

လှိုင်း ခွန်းဆီလျှောက်သွားလိုက်ပြီး ခွန်းရဲ့အလုပ်လုပ်နေတဲ့စားပွဲပေါ်ကို ဖိုင်တွဲတစ်တွဲပစ်ချလိုက်၏။

ခွန်းကမော့ကြည့်လာပြီး..

"ဒါဘာလဲ"

"မိုးစက်ပွင့်တို့ကုမ္ပဏီရဲ့ ဆွဲရမယ့်ဒီဇိုင်းတွေ မင်းကိုအပ်တာလက်မခံလို့ဆို အဲ့တာနဲ့ငါယူလာတာ"

"အဟက်..လင်နဲ့မယားလိုက်ဖက်နေရောနော်။ မဆွဲပေးဘူး ပြန်ယူသွားလိုက်"

"မင်းကဘာကိစ္စဆွဲမပေးနိုင်ရတာလဲ။ ဘာအကြောင်းတွေရှိနေလို့လဲ"

"ထူးထူးခြားခြားဆိုလို့ဘာမှမရှိပါဘူး ဒီတိုင်းငါ့စိတ်ကမသဒ္ဓါတာ ဒါပါပဲ"

"မင်းဆွဲပေးလိုက်စမ်းပါ! ဒါလေးဆွဲရတာကိုဖြစ်ပျက်နေလိုက်တာ"

လှိုင်းအပြောကြောင့်ခွန်းဒေါသထောင်းကနဲထွက်လာသည်။

ရာရာစစ သူကပဲပြောရတယ်ရှိသေးတယ်။ ဆွဲလည်းဆွဲခိုင်းသေးတယ် ပြောတော့အထက်စီးကနေပြောနေတာ ပြီးတော့သူမုန်းရပါသောဟိုမိန်းမအတွက်တဲ့လေ တော်တော်ရယ်စရာကောင်းသား...

"မင်းဟာမင်းဆွဲလိုက်!!.ငါကတော့လုံးဝဆွဲမပေးနိုင်ဘူး ငါဆုံးဖြတ်ချက်ချပြီးရင် ပြန်မပြင်တက်ဘူးလှိုင်း"

"ပြီးရောလေ မင်းထက်နာမည်ကြီးတဲ့သူဆီမှာ လှလှပပ ထွက်လာအောင် အပ်ပြမယ်"

"ကြိုက်တဲ့နေရာသွားအပ် စိတ်မဝင်စားဘူး"

လှိုင်းထွက်သွားတော့ ခွန်းလက်တွေနီရဲလို့နေပြီလက်သီးဆုတ်ထားပြီး ဒေါသကိုထိန်းချုပ်ထားရတာ ဘယ်လောက်ခက်တယ်မှတ်လဲ??

...........................................................................

ညနှစ်နာရီထိုးနေပြီ ခွန်းအိပ်ခန်းထဲရောက်မလာခဲ့ပါ ကလေးတွေကအဖွားနဲ့ပဲ အိပ်မယ်ပြောနေတာနဲ့ ဒီနေ့လည်းသူ့အဖွားနဲ့ခွန်းထည့်ပေးလိုက်ပုံပေါ်သည်။ ခုချိန်ထိအိပ်ခန်းထဲမှာ လှိုင်းတစ်ယောက်ထဲပေါ့..

ခြွင်းချက်မရှိ(complete)Where stories live. Discover now