အပိုင်း(8)

11.1K 864 48
                                    

အပိုင်း(8)

ခွန်းက ပြောပြောဆိုဆို ဘီရိုထဲကသူ့အဝတ်တွေကိုယူ၍ ခရီးဆောင်အိတ်ထဲ ကောက်ထည့်နေသည်။

"မင်းဘာလုပ်နေတာလဲ!!"

"မင်းလိုကောင်ကို ယုံကြည်ရတာမဟုတ်ဘူး ငါမင်းနဲ့မနေတော့ဘူးလှိုင်း"

"ဟက်!!!ငါ့ကိုကြောက်သွားတာလား?"

"စိတ်ပျက်သွားတာ"

ခွန်းကအဝတ်တွေထည့်ပြီးတာနဲ့ အခန်းထဲကထွက်သွားတော့သည်။

"ခွန်းးငါပြောနေတာမပြီးသေးဘူး"

ခွန်းမကြားချင်ယောင်ဆောင်ပြီး ထွက်လာတော့ဧည့်ခန်းထဲထိုင်နေတဲ့ လှိုင်းအမေနဲ့တည့်တည့်တိုးတော့သည်။

"ခွန်းလေးးးခရီးဆောင်အိတ်ကြီးနဲ့ဘယ်သွားမလို့တုန်း"

"အော်~~~~ဟိုလေ~~အလုပ်ကိစ္စနဲ့ခရီးထွက်စရာပေါ်လာလို့"

"ဘယ်ကိုလဲခွန်းလေး"

"ဟို~~မောင်းမကန်သွားရမှာ"

"ဟုတ်တယ်မာမီ~~သားပါလိုက်သွားမလို့"

လှိုင်းဆိုသည်မှာ ခုနကတော့ ဒေါနဲ့မောနဲ့ ခုကျတော့သူမဟုတ်တော့သလိုပင်။

"အော် အေးအေးသွားကြလေလင်မယား2ယောက်ထဲ။ ကလေးတွေက မာမီကြည့်ထားလိုက်မယ်"

"မာမီလေးတစ်ယောက်ထဲ အဆင်ပြေမှာမဟုတ်ဘူး လှိုင်းမင်းနေခဲ့ပြီး ကူထိန်းပေးလိုက်"

"မင်းမခတို့လည်းရှိတာပဲ~~ဘာတွေစိတ်ပူနေတာလဲ ကိုယ်တို့2ယောက်တည်းသွားကြရအောင်လေ"

"အေးလေ မာမီရှိတုန်းသွားကြပါကွယ် နောက်ဆိုရင် ကလေးနှစ်ယောက်က ကန့်လန့်ပါနေမှာ"

"မဟုတ်ဘူး ကျွန်တော်တစ်ယောက်ထဲပဲ သွားမယ် ရတယ်"

ဒင်းနဲ့မနေချင်လို့ ထွက်ပါတယ်ဆိုမှ မာမီနဲ့လာတိုးနေတယ်။

"တစ်ယောက်ထဲဘယ်ဖြစ်မတုန်း ကိုယ်ပါမှဖြစ်မှာပေါ့!!ဟက်!!"

လှိုင်းကခွန်းကို သူ့ပုခုံးပေါ်သို့'မ'ချီလိုက်ရင်း

"လှိုင်း!!!ငါ့ကိုချအောက်ပေးစမ်း!!"

"မာမီသားတို့သွားပြီနော်"

ခြွင်းချက်မရှိ(complete)Where stories live. Discover now