part(18.2)(zawgyi)

2.9K 104 1
                                    

အပိုင်း(18.2)

တစ်နေ့တစ်နေ့ ရန်ဖြစ်နေရတာနဲ့သာကုန်ကုန်သွားသည်။။

ဒါပေမယ့် ဒီတစ်ပတ်အတောအတွင်း ခွန်းက သူ့ကို အဲ့လောက်ကြီးရန်မရှာတော့ပေမယ့် အရင်ကလိုလည်း စကားများလေး မဟုတ်တော့ပဲ။ သူ့ဟာသူ အေးရာအေးကြောင်းနေတတ်သည်။

အိမ်ထဲက အိမ်ပြင်လည်းသိပ်မထွက်တော့ပဲ သူ့ကလေးတွေနဲ့သာ အချိန်ကုန်နေတက်သည်။

မာမီအတွက်ကတော့အိမ်အကူကောင်မလေးရှိနေလို့ဘာမှသိပ်လုပ်ပေးစရာမလို။။ မာမီကလည်း မလိုအပ်ရင် အိမ်အောက်ထပ်ကိုသိပ်ဆင်းမလာတက်။

ဒီနေ့အားလပ်ရက်နေ့ဖြစ်တာကြောင့် အိမ်မှာလူစုံနေကြသည်။ အခန်းထဲမှာ ခွန်းတစ်ယောက်ထဲဒီဇိုင်းထိုင်ဆွဲနေတာ နေ့တစ်ဝက်လောက်ရှိသွားပြီ။ ထမင်းမစားသေးလို့ ၃ခါမက လာခေါ်တဲ့လှိုင်းကိုလျစ်လျှူရှူပြီး မပြီးသေးသောဒီဇိုင်းတွေသာစိတ်နှစ်ပြီးဆွဲနေတာ။ ခုတော့တော်တော်ညောင်းသွားပြီ။  အကြောဆန့်ပြီးအခန်းပြင်ထွက်လာတော့။  သားအဖ၃ယောက်သား TV ကြည့်နေကြတာ လှိုင်းကဆိုဖာပေါ်မှာခြေကားယားလက်ကားယား ပက်လက်လှန်ထားပြီး ကလေးနှစ်ကောင်က လှိုင်းရဲ့ဗိုက်ပေါ်နဲ့ ရင်ဘတ်ပေါ်မှာ မှောက်ခုံလေးတွေ။။ တော်တော် သာယာနေကြတာပါ။

TVကြည့်နေရင်း တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသလို ခံစားနေရတာကြောင့် စိတ်မသင်္ကာတာနဲ့ဘေးဘီလှည့်ကြည့်တော့။

အကွက်ကြားဘောင်းဘီအပွကြီးနဲ့တွဲပြီး တင်ပါးထိရှည်ကျနေသော Hoodieအကျီအိတ်ကပ်ထဲလက်နှစ်ဖက်ထိုးထည့်ထားကာ ပါဝါမျက်မှန်အဝိုင်းလေးတက်ထားတာတောင် မျက်မှောင်ကြီးကျုံ့ကာစိုက်ကြည့်နေသောခွန်း။

"မင်းးဘယ်တုန်းကရောက်နေတာလဲ။ ဒီဇိုင်းကဆွဲလို့ပြီးပြီလား"

ပြောလိုက်တဲ့ ထဲမှာ စကားအမှားမပါသော်ငြားလည်း ဟိုကတော့ လှိုင်းပြောလိုက်မှ
မကြားချင်ယောင်ဆောင်ပြီး မီးဖိုခန်းထဲဝင်သွားသည်။

မီးဖိုချောင်ထဲဝင်သွားတာမို့ ကလေးတွေကိုဘေးချကာ ကိုယ်ပါလိုက်ပြီးဝင်သွားမိသည်။

ခြွင်းချက်မရှိ(complete)Where stories live. Discover now